နှုတ်ဆက်ရင်း ကြိုဆိုရင်းနဲ့...

in writing •  last year 

ပြီးခဲ့တဲ့ မေလ လယ်ပိုင်းလောက်က ကျွန်တော့်ရဲ့
ဖုန်း မတော်တဆ ပျောက်ဆုံးခဲ့ရပါတယ်။
အဲ့ဒီချိန်ကစပြီး Blurt နဲ့ Other rewards
platform တွေမှာ ပိုစ်ကို ပုံမှန်မတင်နိုင်ခဲ့ပါဘူး။

မနေ့က ကျွန်တော် ဖုန်းသစ်ဝယ်နိုင်ခဲ့ပါတယ်။
Oppo A9 / 6 - 128 ဖြစ်ပါတယ်။ ဖုန်းအသစ်ဆို
တော့ ကိုင်ရတာ စိတ်ထဲမှာ နဲနဲသူစိမ်းဆန်နေပါ
တယ်။ ကျွန်တော့်အရင်ဖုန်းက Vivo V7 ဖြစ်ပါ
တာ်။ သူနဲ့ကျွန်တော် ၆ နှစ်နီးပါး အတူတူ
ဖြတ်သန်းခဲ့ကြပါတယ်။ စားလည်းတူတူ၊
သွားလည်းတူတူ၊ အိပ်လည်းတူတူဆိုတော့
သံယောစဥ်ဖြစ်မိပါတယ်။ ဒါကြောင့် ဖုန်း
ပျောက်ခါစက နေမသာ၊ ထိုင်မသာ ဖြစ်ခဲ့ရပါ
တယ်။ နောက်ဆုံး ဖုန်းပြန်မရနိုင်ဘူးဆိုတာ
သိရတော့ ပစ္စည်း သင်္ခါရ၊ လူသင်္ခါရဆိုပြီး
ကိုယ့်စိတ်ကို ဖြေခဲ့ရပါတယ်။ နှုတ်ဆက်လိုက်ပါ
တယ် Vivo V7 လေးရေ...။

image

image

တစ်ဖက်မှာလဲ ရည်းစားအသစ်ကလေး Oppo
A9 လေးရေ ကိုယ့်ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ်
နော်။ ဒီနေ့ ဒီချိန်ကစပြီး မင်းဟာ ကိုယ့်နဲ့အမြဲ
ရှိသွားရမယ်နော်။ ဘယ်ချိန်ထိ တူတူရှိသွားမလဲ
မသိနိုင်ပေမဲ့ မင်းကို လွယ်လွယ်နဲ့တော့ ကိုယ့်ဘဝ
ထဲကနေပြီး ထွက်သွားခွင့်မပြုနိုင်ဘူးနော်။ ပြီး
တော့ မင်းကို လွယ်လွယ်နဲ့ စွန်ပစ်မသွားဘူးလို့
ကတိပေးပါတယ်။ ပျော်ပျော်ကြီး ကိုယ်နဲ့အတူတူ
နေ့သစ်တွေကို ဖြတ်သန်းသွားကြရအောင်
Oppo A9 လေးရေ...။

Good bye Vivo V7!
Welcome Oppo A9

@myanmarkoko
#KoKoMoeHein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (29.42 %) **

  ·  last year  ·  

Thanks 🙏

  ·  last year  ·  

Dear @myanmarkoko, your content was selected manually by curators @nalexadre, @ten-years-before to receive a curation from BeBlurt 🎉

image
BeBlurt (Blurt frontend): https://beblurt.com
 
BeBlurt Delegation program: manual curation + 85% reward back