Digital Drawing: 2024 Miss Myanmar Thae Su Nyein Portrait

in thaesunyein •  last month 

Thae Su Nyein was the winner of Miss Grand Myanmar 2024. Her story has been found on the internet lately. She is unique and attractive. She is full of confidence. I've been encouraging her since I saw her exercises on YouTube as she prepares to compete.

As a fan of hers, I am happy that she won this award. The image I chose to draw the portrait is the suit with the Spider. This picture is unique and got her people's attention.

image

image
Image Sources

First, I draw her sketch first. Since Thae's face is so delicate, I painted the base color first. Then I painted the brown shade as needed. Be careful when painting the nose. It is difficult to choose a color because of the mixture of light and dark. After drawing the nose, I painted Thae's mouth. The mixture of brown and black was carefully drawn. Her eyebrows were thin, so I mixed them with light brown colors and drew them slowly.
image
image
image
After completing the middle stage painting of Thae's face, I continued to paint her hair, neck and body. When I draw the hair, I draw it completely black first. Then I painted the areas where the light hit white, and I drew on that white color with a pen made for hair. And when I added black, I got the hair look I wanted. After painting Thae's hair, Thae reached a good looking stage. But I still need to repaint the necessary areas in detail. Paint the eyebrows and the shadows under the neck again.
image
image
image



image



The drawing of Thae Su Nyein's portrait in 2024 took me the longest time to draw a portrait. It took me more than 5 hours to get this portrait. Do you like Thae Su Nyein too?


Thae Su Nyein ဟာ Miss Grand Myanmar 2024 မှာ Winner ဆုကို ရရှိခဲ့ပါတယ်။ ယခုတလော အင်တာနက် စာမျက်နှာတွေမှာ သူမရဲ့ အကြောင်းတွေကို တွေ့ရှိနေရပါတယ်။ သူမက ထူးခြားပြီး စွဲဆောင်မှုရှိပါတယ်။ သူမဟာ ယုံကြည်မှု အပြည့်အဝရှိသူတစ်ဉီးလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဝင်ဖို့ ကြိုတင်ပြင်ဆင်ကတည်းက သူမရဲ့ လှုပ်ရှားလေ့ကျင့်မှုတွေကို Youtube ပေါ်မှာ ကျွန်တော် မြင်ရကတည်းက သူမကို ကျွန်တော်အားပေးလာခဲ့တာပါ။

အခုလို သူမဆုရရှိခဲ့တဲ့အပေါ်မှာလည်း သူမရဲ့ Fan တစ်ယောက်အနေနဲ့ ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော် ပုံတူရေးဆွဲဖို့ ရွေးချယ်ခဲ့တဲ့ သူမရဲ့ပုံကတော့ Spider ပါတဲ့ ဝတ်စုံဖြစ်ပါတယ်။ ဒီပုံဟာ ထူးခြားပြီး သူမကို လူတွေရဲ့ အာရုံစိုက်မှု ရရှိခဲ့ပါတယ်။

image

image
Image Sources

ပထမဆုံးသူမရဲ့ ပုံကြမ်းကို အရင် ရေးဆွဲပါတယ်။ Thae ရဲ့ မျက်နှာဟာ ချော့မွေ့နေတာဖြစ်လို့ အောက်ခံအရောင်ဖြစ်တဲ့ အရောင်ဖျော့ကို အရင်ဆုံး ရေးဆွဲပါတယ်။ ပြီးတော့ အညိုရောင် အရင့်ကို လိုအပ်သလို ဆေးခြယ်ခဲ့ပါတယ်။ နှာခေါင်း ကို ရေးဆွဲတဲ့အခါ သတိထားပြီး ရေးဆွဲရပါတယ်။ အလင်းနဲ့အမှောင် ရောထွေးနေတဲ့အတွက် အရောင်ရွေးချယ်ရတာ ခက်ခဲပါတယ်။ နှာခေါင်း ရေးဆွဲပြီးတဲ့နောက်မှာ Thae ရဲ့ နှုတ်ခမ်းကို ဆက်လက် ရေးဆွဲခဲ့ပါတယ်။ အညိုရောင်နဲ့ အနက်ရောင် ရောထွေးမှုကို သေချာဂရုစိုက်ပြီး ရေးဆွဲခဲ့ပါတယ်။ သူမရဲ့ မျက်ခုံးမွှေးကပါးပါးလေးမို့ အညိုဖျော့ရောင်တွေနဲ့ ရောစပ်ပြီး ဖြေးဖြေးချင်း ရေးဆွဲခဲ့ပါတယ်။

image
image
image

Thae ရဲ့ မျက်နှာပိုင်း အလယ်အလတ်အဆင့် ရေးဆွဲခြင်း ပြီးစီးခဲ့တဲ့နောက်မှာ သူမရဲ့ ဆံပင်၊ လည်ပင်းနဲ့ ခန္ဓာကိုယ်ကို ဆက်လက် ရေးဆွဲ ခဲ့ပါတယ်။ ဆံပင်ကို ရေးဆွဲတဲ့အခါ အရင်ဆုံး အနက်ရောင် ကို အပြည့် ရေးဆွဲပါတယ်။ ပြီးတော့ အလင်းရောင် ကျရောက်တဲ့နေရာတွေပေါ်မှာ အဖြူရောင်ထည့် ခဲ့ပြီး အဲ့ဒီအဖြူရောင်ပေါ်မှာ ဆံပင်အတွက် ဖန်တီးထားတဲ့ Pen နဲ့ ရေးဆွဲပါတယ်။ ပြီးတော့ အနက်ရောင်ကို ထပ်ဖြည့်လိုက်တဲ့အခါ ကျွန်တော်လိုချင်တဲ့ ဆံပင် ပုံစံကို ရရှိခဲ့ပါတယ်။ Thae ရဲ့ ဆံပင်ကို ရေးဆွဲ ပြီးတဲ့နောက်မှာ Thae ဟာ ကြည့်လို့ကောင်းတဲ့ အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ နေရာတွေကို အသေးစိပ် ပြန်လည် ထပ်ပြီး Paint လုပ်ရပါတယ်။ မျက်တောင်မွှေး နဲ့ လည်ပင်းအောက်က အရိပ်တွေကို ထပ်ပြီး ရေးဆွဲခဲ့ပါတယ်။

image
image
image



image



Thae Su Nyein ရဲ့ Portrait ရေးဆွဲခြင်းဟာ 2024 ခုနှစ်ထဲမှာ ကျွန်တော်ရေးဆွဲခဲ့သမျှ Portrait ထဲမှာ အချိန်အကြာဆုံး ဖြစ်ပါတယ်။ ဒီ Portrait ကိုရရှိဖို့ အချိန် 5 နာရီ ကျော် အချိန်ပေးခဲ့ရပါတယ်။ သင်တို့ရော Thae Su Nyein ကို နှစ်သက်ကြလား?

Thanks for reading



Connect to me,
Facebook
Twitter:



#ကိုကိုမိုးဟိန်း
@myanmarkoko


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last month  ·  


** Your post has been upvoted (28.68 %) **

  ·  last month  ·  

Thank You