မင်္ဂလာပါ မိတ်ဆွေတို့ရေ
တန်ဆောင်တိုင်ညရဲ့ အနှစ်သာရတွေ ခံစားရင်း ညက
ကောင်းကောင်း အိပ်ကြရလားဗျ။
ကျွန်တော်တော့ နည်းနည်း အိပ်ရေး ပျက်ချင်သလိုပါ။
အိပ်ရာဝင်တာ စောပေမယ့် ဘေးအခန်းမှာ လူတွေ
ကြက်သား ချက်စား ဘီယာသောက်နေကြတာ ဆူတော့
တော်ရုံနဲ့ အိပ်မပျော်ခဲ့ပါဘူး။
ကဲ ဒီနေ့ ဘာပို့စ် တင်ရမလဲ ကြည့်လိုက်တော့
တစ်နေ့က တံတားဦးမြို့မှ အပြန် ရိုက်ယူလာခဲ့တဲ့
နေကြာပန်းခင်း ပုံ တွေ့ရပါတယ်။
ဒီတော့လည်း နေသာနေတဲ့ ခုလို အချိန်မှာပဲ 🌻နေကြာပန်းခင်း
ပို့စ် တင်လိုက်ရတာပဲဗျို့။
မိတ်ဆွေတို့လည်း သဘာဝရဲ့ အလှတရား ပန်းတွေရဲ့ အရောင်အဆင်း ကို ရှုမြင်ခံစားရင်း ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေဗျာ။