Wild Grass Flowers

in photography •  4 years ago 

မင်္ဂလာပါ
ဒီနေ့မနက် အအေးဓာတ် ပိုလာပြီ ထင်ရပါတယ်။
မနက်အစောထ လက်ဖက်ရည်ဆိုင်ထိုင် ကော်ဖီ
သောက်ရင်း ကြက်ဥပလာတာ စားနေချိန် ဖုန်းဝင်လာ
ပါတယ်။ ရွာတစ်ရွာ မှာ ဆရာပင့်တဲ့ ဖုန်းပါ။

ဒီတော့လည်း ဆေးခန်း ပြန်ကာ အနွေးထည် ထူထူ
ထပ်ဝတ်ပြီး လူနာကြည့် သွားခဲ့ပါတယ်။
ဆောင်းမနက်ခင်း နှင်းရည်ဆွတ်ဖျန်း လို့ လန်းနေတဲ့
တောပန်းလေးတွေ မြင်ရတာနဲ့ ပုံရိုက် ယူခဲ့ပါတယ်။

img_0.0825978755256458.jpg

မြေမှာ ပျံ့ကျဲနေတဲ့ အလေ့ကျ မြက်ရိုင်း တောပန်းလေး
တွေပေါ့။ လူတွေ အတွက် အသုံးဝင်လှတာ မရှိပေမယ့်
ပျား၊ လိပ်ပြာ လေးတွေ အတွက်တော့ အစာ ဝတ်ရည်
ရနိုင်တာပေါ့။

ဒါကြောင့် တောပန်းရိုင်း ပုံလေးတင်ရင်း အတွေး
နယ်ချဲ့လိုက်တာပါပဲ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  

Even in the wild, the beauty it has can bring a smile to the face of the observer.