The Pagoda From Jungle

in photography •  4 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ
ဒီနေ့ စေတီဘုရား ပုံတော် တစ်ခု တင်ပါဦးမယ်။
ဒီစေတီတော် သည် လိမ်ကုန်းကျေးရွာ အဝင်မှာ
တည်ရှိပါတယ်။

img_0.9439263370110029.jpg

တစ်နေ့က ညောင်ကုန်းကျေးရွာ သို့ လူနာကြည့် သွားရာ
လမ်းတဝက် လိမ်ကုန်းကျေးရွာ မရောက်ခင်
တောလမ်း တစ်နေရာမှ ဖူးမြော်လိုက်ရသော စေတီတော်
အား ဓာတ်ပုံ မှတ်တမ်း ရိုက်ယူခဲ့တာပါ။
ဟိုတစ်နေ့က တင်ခဲ့တဲ့ ထန်းတောကြားက စေတီများ
ပုံကို ရိုက်ယူခဲ့တဲ့ နေရမှပဲ ဆိုပါတော့။
ပုံ ရိုက်ယူခဲ့တဲ့ နေရာ တူပေမယ့် ခုပုံ က အသွား မှာ
ရိုက်ယူခဲ့တာပါ။

တောလမ်း တစ်နေရာက ရိုက်ယူထားတာ ဆိုတော့ကာ
သစ်ပင် ခြုံနွယ်တွေ ကြားက သဘာဝ အလှကို
ရှုမြင်ရမှာပါ။ သစ်ပင် ခြုံပင် တွေကြား ဆိုတော့ကာ
ကြည့်မြင်ရတာလည်း အေးချမ်း ငြိမ်းအေး ရပါတယ်။

ဗုဒ္ဓဘာသာ မြန်မာ တစ်ယောက် ဖြစ်လေတော့လည်း
မိမိတို့ ယဉ်ကျေးမှုကို တန်ဖိုးထား ဖော်ပြရတာပါပဲ။

မိတ်ဆွေများလည်း ဖူးမြော် ကုသိုလ် ပွားယူနိုင်ကြပါစေဗျာ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  

I find interesting how different cultures adopted Buddhism and created their own currents.

Thank you