မင်္ဂလာပါ
သောကြာနေ့ ရောက်ပြန်ပြီ ဆိုတော့ 🐦ငှက်ကလေး
ပို့စ် တင်ပါဦးမယ်။
ဒီငှက်လေး က ကျီးငှက် ပါ။ ကျွန်တော်တို့ ကတော့
ကျီးကန်း ဟု ခေါ်တတ်ကြပါတယ်။
တစ်နေ့က တောထဲ စေတီ တစ်ဆူ မှာ ဘုရားဝတ်ပြု
ပြီးတော့ တမာပင် အပေါ်မှာ ကျီး အာသံ ကြားရတာနဲ့
ဓာတ်ပုံ ရိုက်ယူဖို့ ကြံစည် ခဲ့ပါတယ်။
ငှက်တွေကို ဖုန်းကင်မရာ ဖြင့် ရိုက်ယူဖို့ က မလွယ်လှ
ပါဘူး။ ကင်မရာ ချိန်တာ မြင်ရတာနဲ့ ငှက်တွေက
ပျံပြေး တတ်ကြတယ်လေ။ အနီးကပ် မရတော့လည်း
အဝေးက ကင်မရာ မျက်နှာပြင် ချဲ့ပြီး အနီးကပ် ဆွဲယူ
ရိုက်ရတာပေါ့။ ဒီတော့ ငှက်မှန်း သိရရုံတော့
မြင်ရကြ မဟုတ်ပါလား။
ရွှေကျီး သာရင် ဧည့်သည် လာတတ်တယ် ဆိုပေမယ့်
ကိုယ့်အိမ်မှာ သာတာ မဟုတ်လေတော့၊ ဒီရက်ပိုင်းတော့
ဧည့်သည် မမျှော်မိပါဘူးလေ။
မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေ။
Certainly, if the birds are nervous, it is very difficult to take a good photo of them when they arrive by surprise. I can see from the angle of the shot that it was a 'lightning photo' and I imagine that as soon as the bird felt your presence, well, it would fly away.
Thank you really