မင်္ဂလာပါ မိတ်ဆွေတိုရေ
မနေ့က ရွာစဉ်လှည့် သွားလာရင်း တောလမ်း တစ်နေရာမှာ
တောဇီးပင် တစ်ပင် သီးနေတာ မြင်ရတာနဲ့ ပုံရိုက်ယူခဲ့
ပါတယ်။
တောဇီးပင်က ဇီးသီးတွေ မြင်ရတော့ ငယ်ဘဝကို သတိရ
မိပါတယ်။ ငယ်ငယ်ကဆို တောထဲ လျှောက်သွားရင်း
ခုလို ဇီးသီးတွေ တွေ့ရလို့ကတော့ ဆွတ်စားပြီးသားပဲ။
ဇီးသီးတွေ စားပြီး ချောင်းဆိုးရင်ကြပ်ခဲ့ရတာရောပေါ့။
ခုတော့ ဆွတ် မစားဖြစ်တော့ပါဘူး။
တောဇီးသီးလေးတွေက ဒီဘက်ရွာတွေက ဆိတ်တွေ
အတွက်တော့ အစာကောင်းပဲဗျ။ မှည့်ရင်တော့ လူတွေလည်း
စားကြပါတယ်။ အချို့ဆို အခြောက်လှမ်း ထန်းညက်နဲ့
ကြိုစားကြတာပေါ့။ အဲ ဆိတ်စားပြီးလို့ ထွေးထုတ်ထားတဲ့
ဇီးစေ့တွေ ကတော့ ဈေးကောင်းတယ်ဗျ။
ဆိတ်ကျောင်းသားတွေဆို ဆိတ်ဝါးထားတဲ့ ဇီးစေ့ကောက်
ရောင်းရတာလည်း ဝင်ငွေ တစ်ခု ရတာပဲ။ အဲဒီဇီးစေ့တွေ
ကို တရုတ်တွေ ဝယ်ဆိုလား၊ ဘာလုပ်ကြတယ်တော့
မသိပေါင်ဗျာ။ ဒီကောင်တွေက ပေါက်ပေါက်ရှာရှာကောင်တွေ။
တွေ့ကရာ အကုန်စားတွေ မဟုတ်လား။
အဲ ဘယ်ရောက်သွားပါလိမ့်။ ဆောင်း ရာသီစာ ဇီးသီးလေး
များ စားကြဦးမလားဗျ။
မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။