ဆောင်းမနက် အလွမ်း ပန်းများ

in photography •  4 years ago 

မင်္ဂလာပါ

တောထဲ လျှောက်သွားတော့ တောရနံ့ တောအလှကို
ခံစားရပါတယ်။ လတ်ဆတ်တဲ့ လေကို ရှုရှိုက်ရတော့
လူဟာ လန်းဆန်းသွားသလို တောအလှ ရှုခင်းလေးတွေ
မြင်ရတော့လည်း စိတ်ကြည်နူး သာယာမိပါတယ်။

ဒီအချိန် ပြင်ဦးလွင်မှာဆို လမ်းဘေးတစ်လျှောက်
တောပန်းလေးတွေနဲ့ ဘယ်လောက်များ လှနေလိုက်မလဲ။
ကိုဗစ်ကာလ ခရီးမသွားရတော့ အဲဒီဗျူးလေးတွေနှင့်
ပြင်ဦးလွင်ရဲ့ အေးချမ်းသာယာမှုကိုတော့ မခံစားရဘူးပေါ့။

သို့ပေသော် ကိုယ်နေထိုင်ရာ အရပ်မှာလည်း တောပန်းလေး
တွေ ပွင့်ဝေနေတာ မြင်ရတော့ ကြည်နူးမိသလို၊
ဆောင်းမနက်ခင်းရဲ့ အေးမြမှုကိုလည်း ခု ခံစားနေရပြီလေ။

img_0.2126287911736681.jpg

ဒီတော့လည်း အလည်ခရီး မထွက်ရလို့ ပြင်ဦးလွင်
ပန်းပွဲတော် တမ်းတနေမယ့် အစား ကိုယ့်ရပ် ကိုယ်ဌာနေမှာ
အလေ့ကျ ပေါက်နေ ပွင့်နေတဲ့ တောပန်းနီနီလေးတွေ ကိုသာ
ကြည့်ရှုရင်း ဖြေသိမ့်လိုက်ရတာပေါ့ဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!