ပင်ပေါ်ရပ်နား ဗျိုင်းဖြူများ

in photography •  4 years ago 


င်္ဂလာပါ

သောကြာနေ့ ရောက်လာပြန်ပြီ ဆိုတော့ သောကြာ

အတွက် ရည်ရွယ်ထားတဲ့ ပုံလေး တင်ရပါဦးမယ်။

တစ်နေ့က ရွာတစ်ရွာ သို့ အသွား လမ်းမှာ ဟိုဒီ

လှည့်ပတ်ကြည့်မိတော့ သစ်ပင် တစ်ပင်ပေါ် 🐦ငှက်တွေ

နားနေတာ မြင်ခဲ့ရပါတယ်။ ငှက် ဖြူဖြူတွေ ဆိုတော့

ဗျိုင်းငှက် တွေပဲ ဖြစ်မှာပါ။

IMG_20201115_113605.jpg

ဗျိုင်းတွေက နေ့ခင်းကြောင်တောင် အစာ မရှာဘဲ

အိပ်တန်း တက်နေကြသလို ငိုက်မြည်း ငြိမ်သက်နေ

ကြပါတယ်။ ခါတိုင်းလိုဆို ဖုန်းကင်မရာနဲ့ ရွယ်လိုက်ရင်

ထပျံပြေးတတ်ကြတဲ့ ငှက်တွေက ခုတော့ တုတ်တုတ်မှ

မလှုပ်၊ ဘာကြောင့်ရယ် မသိ။

ဒီတော့လည်း ဓာတ်ဖမ်းချင်တဲ့ ကျွန်တော့် အတွက်

ဟန်ကျတာပေါ့ဗျာ။ Featheredfriends တွေ

အတွက် ပုံတစ်ခု ရလိုက်တာပေါ့နော။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  

I find white vultures interesting, on this side of the world where I live, vultures are black

Source - https://www.pinterest.com/pin/434949276495559441/
source - https://www.pinterest.com/pin/434949276495559441/