Picking Groundnuts

in photography •  4 years ago 

ရာသီချိန်မှာ နာရီ မလိုပါ 🎵အချိန်မှန် လည်ပတ်သည်🎶
🎵တို့ရဲ့ နှိုးစက် ကြက်ဖများနဲ့ 🎶အုန်းမောင်းသံ
🎶ငညို ငနီ ထွေလာဂျီနဲ့ 🎵တနေကုန် တို့ရုန်းမည်🎶

ယောက်ဖရေ ဆိုတဲ့ သီချင်းလေး ကောက်ညည်းရင်း
တောသဘာဝ တောဓလေ့ အလှများကို ခံစားကြည့်လိုက်
မိပါတယ်။

ခု ကျွန်တော် နေထိုင်ရာ ဒေသမှာ ယာတောထဲ စိုက်ပျိုးထား
တဲ့ မြေပဲပင်တွေ ပွင့်သီး ဥချပြီးလို့ ရင့်လာပြီ ဖြစ်သောကြောင့်
တောင်သူယာလုပ်ကြ သူတွေမှာ မြေပဲ နှုတ်ကြ၊ ဆွတ်ကြဖြင့်
အလုပ် ရှုတ်နေကြပါပြီ။

img_0.43454451583066894.jpg

ဒီပုံလေးကတော့ တစ်နေ့က ရွာတစ်ရွာ ရောက်နေခိုက်
အိမ်ရှင် အချို့ မြေပဲ နှုတ်ရာက ပြန်လာပြီး မြေပဲဥ
ချွေယူနေကြပုံ ပါ။
နေ့ခင်းဘက် ဖြစ်တာကြောင့် အရိပ် ရစေရန် အလို့ငှာ
လှည်းဦးချပြီး လှည်းအောက်မှာ မြေပဲပုံကာ ဆွတ်ခူး
နေကြတာပေါ့။
ဒါဟာ တောသဘာဝ တောဓလေ့ အလှ တစ်ခုသာပဲမို့
ခုလို မှတ်တမ်း တင်လိုက်ရတာပါပဲ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!