ကန်ရေပြင်အလှ

in photography •  4 years ago 

ဒီနေ့ သဘာဝအလှ ရှုခင်းလေး ပြလိုက်ပါရစေ။
အခုလို ဆောင်းမနက်ခင်းတွေမှာ မနက်စောစော ထပြီး
လမ်းလျှောက်ရတာ အရသာ ရှိသလို အအေးဒဏ်ကို
အံတုတဲ့ လေ့ကျင့်ခန်းလေးမို့ ကျန်းမာရေးလည်း
ကောင်းစေနိုင် မဟုတ်ပါလား။

လမ်းလျှောက်တယ် ဆိုတာကလည်း လေကောင်းလေသန့်
ရတဲ့ နေရာ၊ ယာဉ်အန္တရာယ် ကင်းရှင်းတဲ့ နေရာတွေမှာမှ
ကောင်းတယ်ဗျ။

ဒါကြောင့် ကျွန်တော်ကတော့ ကျွန်တော့် ပတ်ဝန်းကျင်
အနီးအနားက ကန်ဘောင်ပေါ် လမ်းလျှောက်ရတာ
အထာကျလှတာမို့ ခုလို ပုံလေးနဲ့ မျှဝေလိုက်ရတာပါ။

img_0.9919847341171737.jpg

သဘာဝအလှတရား ကို ခံစားရင်း လတ်ဆတ်တဲ့
လေကို ရှူသွင်းရင်း လမ်းလျှောက်ရတာ တကယ်ကို
အားအင်လန်းဆန်း တတ်ကြွသွားတာပါပဲဗျာ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!