Green Nature After Raining

in photography •  4 years ago 

မင်္ဂလာပါ

ဒီရက်ပိုင်း မိုးကြွင်းမိုးကျန် လေးများ ရွာသွန်းနေတော့
ပတ်ဝန်းကျင် သစ်ပင်တွေ မှာတော့ စိမ်းစိုအိနေတာ
မြင်ရတော့ စိတ်မှာ ကြည်လင် အေးချမ်း ရပါတယ်။

ဒီ မိုးနှောင်း မိုး က စပါးစိုက် တောင်သူတွေ အတွက်
ဟန်ကျ လှပါတယ်။ စပါးပင်တွေ ရွှန်းစို ထောင်တက်နေတာ
မြင်ရတော့ စပါး အောင်ဖို့ အပွင့် အသီး အားဖြစ်တာပေါ့
ဟု စိတ်ချမ်းသာ ရပါတယ်။

img_0.19894492865004496.jpg

တစ်ဖက်မှာတော့ နှုတ်ချိန်တန် နေတဲ့ မြေပဲခင်းတွေ
အခက်ပွေ ရသလို ရှိပါတယ်။ မိုးရေ စိုစွတ်ထဲ နှုတ်ရတာ
အဆင်မပြေလှ ပါဘူး။ မနှုတ်ဘဲ စောင့်နေပြန်ရင်လည်း
အချို့က အပင် ပြန်ပေါက် အညှောက် ထွက်လာကြပါတယ်။
လိုအပ်တဲ့ အချိန်မှာ မိုးရေ မရခဲ့တာကြောင့် ဥချ
မညီဘဲ အရင့် အနု ရောနေတာမို့ ရင့်တဲ့ မြေပဲ က
အညှောက် ထွက်၊ နုတဲ့ မြေပဲက အဆံ မအောင်သေး
အခက်ပွေ ရတာပေါ့။

ဒီနှစ် မိုးက မလိုတဲ့ အရပ် မလိုတဲ့ အချိန် ရွာ၊
လိုတဲ့ အရပ် လိုတဲ့ အချိန် မရွာ၊ ဒါဟာလည်း
ကပ်ဆိုက်ခြင်း တစ်မျိုးပေပဲလား။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  

That photo, of green fields and sky in a beautiful blue color, is very pretty.

Certainly the unpredictability of the weather can be a big problem in agricultural cycles, at least that is what I have heard on other occasions.