Donation of Flowers To Buddha Pagoda

in photography •  4 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ

မနေ့က နံနက်ခင်း ပိုင်းမှာ အောင်တောရွာ သို့
လူနာ အကြည့် သွားခဲ့ပါတယ်။ လူနာ ကြည့်ရမယ့်
အိမ်က အောင်စကြာစေတီ သွားတဲ့ လမ်း ဘေးမှာ
ရှိတာကြောင့် ဘုရား သို့ အရင် ဝင်ရောက် ဖူးမြော်ကာ
ဘုရား ဝတ်ပြု သီလ ဆောက်တည်ကာ မေတ္တာပို့သ
အမျှဝေ ခဲ့ပါတယ်။
ထိုနောက်တော့ ဘုရားမှာ မိမိ အရင် ရောက်နှင့်နေသော
ရွာခံ မိတ်ဆွေ တစ်ဦးမှ အောင်စကြာစေတီတော် အား
လှူဒါန်းထားသော ပန်းများ နှင့် စေတီ အား လူအများ
သိစေရန် အလို့ငှာ ဖေ့ဘုပ် ပေါ် တင်ပေးဖို့ တောင်းဆို
လာပါတယ်။ ဒါကြောင့် စေတီတော် ‌မျက်နှာ လေးဘက်
နှင့် ဘုရား အား ဓာတ်ပုံ ရိုက်ယူကာ တင်ပေးလိုက်ပါတယ်။

img_0.2544886136975142.jpg

အောင်စကြာစေတီတော် မှာ ရွာ ၏ နဘေး ခြုံကြား မှ
ပေါ်ထွန်းလာသော ပေါ်တော်မူ စေတီ တစ်ဆူ ဖြစ်ပါသည်။
ထူးထူးခြားခြား တွေ့သိ ဖူးမြော်ကြရသည် ဖြစ်၍
ဆုတောင်း ပြည့်သည် ဟုလည်း ယုံကြည်ကြပါသည်။

img_0.4308532519645965.jpg

သို့ဖြစ်၍ ပေါ်တော်မူ ဆုတောင်းပြည့် အောင်စကြာ
စေတီတော် ဟု ကင်မွန်းတပ် ဘွဲ့တော် ကပ်ချင်မိပါတော့သည်။

img_0.18516901046394696.jpg

မိတ်ဆွေများလည်း လာရောက် ဖူးမြော် အဓိဌာန် ပြုလိုပါက
လိုက်ပို့ ပေးပါမည် အကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

img_0.18825417834791106.jpg

သဗ္ဗေ သတ္တာ အဝေရာ ‌ဟောန္တု
သတ္တဝါ အားလုံး ဘေးရန် ကင်းကွာ စိတ်ချမ်းသာ ကြပါစေ။

img_0.7551220896317152.jpg

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!