Beautiful Black Butterfly On My Fingers

in photography •  4 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ

တစ်နေ့က လက်ဖက်ရည်ဆိုင် မှ အထွက် ဆိုင်ကယ်
စီးလိုက်တဲ့ အချိန်မှာ 🦋လိပ်ပြာ လှလှ တစ်ကောင်
ကို တွေ့မြင်လိုက်ရပါတယ်။
ဒါနဲ့ ဆိုင်ကယ် ရပ်ကာ ဖုန်းကင်မရာ ထုတ် ဓာတ်ဖမ်း
လိုက်ရတာပါပဲ။
IMG_20201103_143020.jpg

လိပ်ပြာ က ဒဏ်ရာ ရထားလို့ ထင်ပါတယ်၊ ဝေးဝေး
ပျံ မပြေးနိုင်ရှာ ပါဘူး။
ဒါကြောင့်သာပဲ လိပ်ပြာကောင် ကို ဖမ်းယူကာ
✋လက် အပေါ် တင်ပြီး ဓာတ်ပုံ ရိုက်ယူ နိုင်ခဲ့တာပေါ့။

လိပ်ပြာ က အနက်ရောင် များစွာ ကြားထဲမှာမှ
အဖြူကွက် အနီစက်များ နှင့် အကောင် အရွယ်အစား
အတော်အသင့် ကြီးသောအခါ အတော်လေး ကြည့်လို့
လှပါတယ်။

ခုလို လိပ်ပြာ လက်ပေါ်တင် ပုံ ရနိုင်ဖို့ ဆိုတာ
အတော် မလွယ်တဲ့ ကိစ္စ မဟုတ်ပါလား။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!