အဖြူရောင် နွယ်ရုံပန်းလေးများ

in photography •  4 years ago 

မင်္ဂလာပါ မိတ်ဆွေတို့ရေ

မနေ့က တောလမ်း တစ်လျှောက် ဆိုင်ကယ် စီးသွားရင်း
ဟိုဒီ လှည့်ကြည့်တော့ လမ်းဘေး အလေ့ကျ ပေါက်နေတဲ့
အရိုင်းပင်တွေ မှ အပွင့်တွေ ဝေနေတာ မြင်ရလို့
နွယ်ပင်တစ်ခြုံ ကို ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။

img_0.7558362574202757.jpg

ဆောင်းနှင်းစက် ရေလေးတွေ သောက်သုံးရတော့ နွယ်ရုံပန်းလေးတွေ
ဖွေးဖွေးဥနေတာ ချစ်စရာပါ။ အပွင့်သေးသေး တောပန်းလေးတွေ
ဆိုတော့လည်း တန်ဖိုးထား ပန်ဆင်သူတော့ မရှိကြဘူးပေါ့။

ကဲ ကျွန်တော် ကတော့ တောအလှ တောသဘာဝ အဖြစ်
ခုလို ပုံရိုက် တင်ပေးလိုက်ပါတယ်။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!