After Raining Season, Waiting Winter

in photography •  4 years ago 

မင်္ဂလာပါ
မိုးနှောင်းမိုးကြွင်းလေးက ဝါကျွတ်မိုး အဖြစ် စွေရွာ
လိုက်တာ ရေတွေ ဖွေးသွားပါတယ်။
စပါးစိုက် တောင်သူတွေ အကြိုက် ပါပဲ။
မြေပဲစိုက် တောင်သူတွေ အတွက်တော့ နည်းနည်းများ
သွားလို့ မိုးရေစိုစွတ်တော့ မြေပဲနှုတ်ရ သိပ်အဆင်မပြေ
ချင်ပါဘူး။ ဒါကလည်း ရက်ပိုင်းပေါ့ဗျာ။

မိုးလေး စွေရွာလိုက်တော့ လယ်ယာပြင် တစ်ခွင်လုံး
စိမ်းစိမ်း စိုစို ဖြစ်သွားတော့ မြင်ရ ကြည့်ရသူ ဘဝင်
အေးချမ်းပါတယ်။

img_0.41634877317928576.jpg

ဒီမိုး ပြီးသွားရင်တော့ ဆောင်းရာသီ ရောက်ပါပြီ။
ဆောင်း ရောက်ပြန်ရင်တော့ အနွေးထည် လှလှလေးတွေ
နဲ့ ရှိုးထုတ်ကြရဦးမယ်ပေါ့။ ပြောလို့သာ ပြောရတာ
ဒီနှစ်လည်း ရှိုးထုတ်ပြီး အပြင် လျှောက်လည်လို့မှ
မဖြစ်သေးတာ အနွေးထည် အသစ် ဝယ်ဖြစ်မယ် မထင်ပေါင်။

ဪ မိုး နှင့် ဆောင်း စပ်ကြား အတွေးက မရေရာပါတကား။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!