Music နဲ့ ကျွန်တော်

in myanmar •  last year 

image

အဖေ့ရဲ့ "အဆိုတော်တွေ
ဘယ်မှာ ချမ်းသာလို့လဲ?" ဆိုတဲ့ ဆုံးမ
စကားအောက်မှာ ကျွန်တော့်ရဲ့
အိမ်မက်တွေဟာ ကြက်ဖမတွန်ခင်မှာ
မိုးလင်းခဲ့ရပါတယ်။

image


Music ဆိုတာ လူတိုင်းနဲ့ မကင်းနိုင်တဲ့
အရာပါ။ ကျွန်တော်အတွက်တော့
Music ဟာ သူငယ်ချင်းကောင်းလို့ပဲ
သတ်မှတ်ပါတယ်။ ကျွန်တော်ငိုရင် သူ
ငိုတယ်၊ ကျွန်တော်ပျော်ရင် သူလည်း
ပျော်တယ်။ ကျွန်တော်ခံစားရတဲ့
အတိုင်း သူလည်းခံစားတယ်။ အဲ့တာ
ကြောင့် Music ဟာ ကျွန်တော့်အတွက်
တော့ သူရဲ့ကောင်းပဲ။

ခုပြောပြမဲ့အကြောင်းရာကတော့
ကျွန်တော့်နဲ့ Music အကြောင်းပါ။
အားလုံးသိပြီးတဲ့ Music ရဲ့နယ်ပယ်
ဟာ ကျယ်ပြန့်ပါတယ်။ အဆို၊ အက၊
အရေး၊ အတီး စသဖြင့်ခေါင်းစဥ်
အမျိုးမျိုးရှိပါတယ်။ ကျွန်တော့်
သူငယ်ချင်းလို၊ ညီလိုခင်တဲ့
အောင်သိန်းဆိုရင် ကီးဘုတ်တီးတဲ့
နေရာမှာ အရမ်းတော်ပါတယ်။ နွေရာ
သီကျောင်းပိတ်ရက်များဆို
ကလေးမိဘတွေက အောင်သိန်းအား
အခကြေးငွေပေးပြီး အိမ်တိုင်ရာ
ရောက် ၄င်းတို့ရဲ့ သားသမီးများ ကို
ကီးဘုတ်တီး သင်ပေးစေတယ်။ အဲ့ဒီ
အခါမျိုးဆို အောင်သိန်းမှာ တစ်နေ့တာ
လုံး ကီးဘုတ်တီး သင်ပေးနေရသော
ကြောင့် အပေါင်းသင်းသဘာဝ
ကျွန်တော်တို့နဲ့အတူတူ လက်ဖက်ရည်
ထိုင်သောက်ရန်ပင် သူ့မှာ အချိန်မရှိ
တော့ပါ။ ကျွန်တော်သူ့ကို အားကျပါ
တယ်။ ဝါသနာနဲ့အလုပ် တစ်ထပ်
တည်းကျတာဟာ ဘဝမှာ သိန်းထီ
ဆုကြီး မထိုးပဲနဲ့ ပေါက်သလိုပါပဲ။
image
ကျွန်တော်ကတော့ ရှစ်တန်း ကျောင်း
သား လူငယ်ဘဝ လောက်တုန်းက ဂီတ
ကို ရူးသွပ်ဖူးပါတယ်။ အပြီးမသတ်နိုင်
တဲ့ သီချင်းစာသားတွေ လျှောက်ရေး၊
ဂီတအိမ်မက်တွေ ခေါင်းအုံးအိပ်ပြီး
လူငယ်ဘဝကို ထုဆစ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဖေ့ရဲ့ "အဆိုတော်တွေ
ဘယ်မှာ ချမ်းသာလို့လဲ?" ဆိုတဲ့ ဆုံးမ
စကားအောက်မှာ ကျွန်တော့်ရဲ့
အိမ်မက်တွေဟာ ကြက်ဖမတွန်ခင်မှာ
မိုးလင်းခဲ့ရပါတယ်။

Music ကို စပြီး သင်ယူလေ့လာခဲ့တဲ့
အချိန်တွေကို မှတ်မိသေးတယ်။ အဲ့ဒီ
အချိန်တုန်းက ကျွန်တော့အသက် ၁၄
နှစ်လောက်ပေါ့။ ညနေခင်းတစ်ခုမှာ
အစ်ကိုက Guitar ကို ဝယ်လာတယ်။
အစ်ကို Guitar မတီးတက်သေးပါဘူး။
အခုမှ စပြီး Guitar တီးသင်ဖို့ဝယ်လာ
တာ။ အဲ့ချိန်ကျမှ အစ်ကို က Guitar ကို
နာညီးအောင် လျောက်တီးတော့
ကျွန်တော်က Guitar ဆိုတာ ဒါမျိုး
လားဆိုပြီး စသိခဲ့တယ်။ ကြိုးကလေး
တွေကို လက်နဲ့ ပွတ်ပြီး အသံမြည်နေ
တဲ့ Guitar ဟာ ကျွန်တော့်အတွက်
အရမ်းကို ထူးဆန်းနေတယ်။

အဲ့ဒီမှာ ကျွန်တော်ဟာ Guitar ကို
အရမ်းစိတ်ဝင်စားသွားပြီး Guitar မ
တီးတက်သေးတဲ့ အ စ်ကိုဆီက Guitar
တီးနည်းကို ပြန်လည်သင်ယူခဲ့ပါတယ်။
ဒါမဲ့ ဟာသတစ်ခုလို့ပဲပြောရမလား။
ကျွန်တော့် အစ်ကိုဟာ ယခုချိန်ထိ
Guitar မတီးတက်သေးပါဘူး။
ကျွန်တော်ဟာ Guitar နဲ့ ထိတွေ့ပြီး
နောက် သီချင်းတွေကို ခံစားတက်လာ
တယ်။ အဲ့ဒီချိန်တုန်းက မြန်မာနိုင်ငံမှာ
ခေတ်စားနေတဲ့ သီချင်းက အဆိုတော်
"အောင်လရဲ့ တောင်းပန်ပါတယ်"။
နေရာတကာမှာ တောင်းပန်တယ်ဆိုတာ
ပဲ ကြားနေရတယ်။ အဲ့လောက်ကို
အဆိုတော်အောင်လရဲ့ သီချင်းက
အောင်မြင်ခဲ့တာပါ။ ကျွန်တော်လည်း
အဲ့သီချင်းကို Guitar ကောင်းကောင်းမ
တီးတက်ပဲနဲ့ အော်ပြီးသီဆိုခဲ့ပါတယ်။
ကျွန်တော်သီဆိုတာဟာ ဘယ်လောက်
တောင် ကောင်းသလဲဆိုရင် အမေက
အိမ်ပြင်ထွက်ပြီး Guitar တီးစမ်းဆိုပြီး
ဆူတဲ့အထိပါပဲ။ ဟားဟားကျွန်တော်
ဟာ အဲ့သလောက် ရယ်စရာဖြစ်ခဲ့ပါ
တယ်။
image
ကျွန်တော်ဟာ Guitar တီးပြီး
သီချင်းဆိုရတာကို အရမ်းကို နှစ်သက်
ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်က မိဘက
မကြိုက်ခဲ့ဘူး။ အဲ့တာကြောင့် Guitar
ကို ပုံမှန် လေ့ကျင့်ခွင့်မရခဲ့ဘူး။
နောက်ပိုင်း လုပ်ငန်းခွင်ရောက်တော့
ရှုပ်ထွေးလှတဲ့ အလုပ်တွေကြားမှာ
Guitar ကို လေ့လာသင်ယူခွင့်မရခဲ့ပြန်
ပါဘူး။ ဒါမဲ့ Guitar ကတော့ ကျွန်တော့်
အနားမှာပဲ ခိုကပ်နေခဲ့ပါတယ်။ အလုပ်
မှာ ပြဿနာဖြစ်ပြီး စိတ်ညစ်လာတဲ့နေ့
မျိုးဆို ညနေခင်းရောက်ရင် Guitar
တီးကာ သီချင်းတွေအော်ဆိုပြီး စိတ်
မွန်းကျပ်တာတွေကို ဖြေဖျောက်ခဲ့
တယ်။ အဲ့တာကြောင့် Guitar ဟာ ကျွန်
တော့်ရဲ့ သူငယ်ချင်းဖြစ်လာခဲ့တယ်။
ကျွန်တော်သွားတဲ့နေရာသူ့ကို ခေါ်သွား
လေ့ရှိတယ်။ အခုတော့ နည်းပညာတွေ ထွန်းကားလာပြီး Youtube ပေါ်ကနေ
Guitar ကိုသင်ယူလေ့လာခဲ့တဲ့အတွက်
မိမိကိုယ်ကို တိုးတက်မှုရှိလာတယ်လို့
ခံစားရပါတယ်။

အခုလည်း အလုပ်တွေရှုပ်နေတဲ့ ကြား
က စိတ်မွန်းကျပ်လာလို့ ကျွန်တော်
ငယ်ငယ်က Guitar စတီးတုန်းက
သီချင်းကို Guitar Cover ပြန်ဆိုထား
ပါတယ်။ ဒီသီချင်းက ကောင်လေးက
သူ့ရည်းစားနဲ့ ပျက်သွားပြီးမှ သူ့အမှား
တွေကို သိရှိပြီး သူ့ကောင်မလေးကို
ပြန်တောင်းပန်ပြီး အရင်လို ပြန်ချစ်
ပေးဖို့တောင်းဆိုတဲ့အကြောင်း ဖြစ်ပါ
တယ်။ အခုတော့ ဒီသီချင်းကို Guitar
နဲ့ တီးပြီးဆိုရတာ လွယ်ကူတယ်လို့
ခံစားရပါတယ်။ ငယ်ငယ်တုန်းက ဒီ
သီချင်းရဲ့ Chorid က Guitar တီးရတာ
အရမ်းကို ခက်ခဲတယ်လို့ ခံစားခဲ့ရ
တယ်။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းကို အခု
ချိန်ထိ ကျွန်တော်ကြိုက်တုန်းပါပဲ။

Watch on 3Speak

မိတ်ဆွေတို့ ကျွန်တော့်ရဲ့ Cover Song
လေးကို ကြိုက်နှစ်သက်လိမ့်မယ်လို့
ထင်ပါတယ်။

မူရင်း အဆိုတော်ရဲ့ သီချင်းကိုလည်း
မိတ်ဆွေများ ခံစားနိုင်စေရန် ပြန်လည်
မျှဝေပေးလိုက်ရပါတယ်။


Video from Youtube>>>


ကိုကိုမိုးဟိန်း
KoKoMoeHein

@myanmarkoko

image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (27.77 %) **

  ·  last year  ·  

I am really appreciate 🎵🎶

  ·  last year  ·  

image

Hi @myanmarkoko, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.

You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com

image
*For a delegation of 45,000 BLURT 👉 https://beblurt.com/mydelegation/@beblurt

image
BeBlurt (Blurt frontend) 👉 https://beblurt.com
on IOS/Android 👉 https://beblurt.com/s/aMGBrg

  ·  last year  ·  

Thank You