'' သူပန်ထားတဲ့ ပန်းနီနီ နေရာခန လှဲချင်တယ်... "
ပန်းနဲ့ပတ်သက်ပြီးတော့ ငယ်ငယ်ကတော့ စိတ်ကူးယဉ်လို့ အကောင်းဆုံးပေါ့။
ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက နှလုံးသားက လတ်ဆတ်တုန်း၊ စိတ်ကူးတွေဟာလည်း
သစ်ရွက်လုပ်တိုင်း ရင်ခုန်လို့ကောင်းတုန်း အရွယ်မျိုးကိုး။
တခါတလေ လူကြီးဖြစ်လာပြီး ရင့်ကျက်လာတာ မကောင်းဘူးလို့ မြင်မိတယ်။
ရင်ကျက်လာလေ အလှအပတွေကို မခံစားတက်တော့ သလိုပဲ။
ငွေငွေ ငွေနောက်လိုက်ရင်း နေ့ရက်တွေဟာ အိုဟောင်းသွားခဲ့ရတယ်။
ဒါကိုသတိမထားမိပဲ ရှေ့နေရင်းနဲ့ ကမ္ဘာမြေဟာ ခြောက်ကပ်သွားတယ်.
ဒါတွေဟာ Blurt Platform မသိသေးခင် အချိန်ကတည်းကလို့ ဆိုရမှာပဲ။
အခုတော့ နေ့ရက်တိုင်း Post တင်ဖို့စဉ်းစားရင်း ပတ်ဝန်းကျင်ကို စူးစမ်းရင်းနဲ့
ပုန်းကွယ်နေတဲ့ အလှတရားတွေကို မြင်တွေ့ခဲ့ရတယ်။
ဉပမာ ဒီကနေ့လိုမျိုးပေါ့။ ဒီလမ်းဟာ ကျွန်တော် ဖြတ်သွားနေကြပါပဲ။ ဒါပေမဲ့ ဒီလမ်းဟာ
ထူးခြားတယ်၊ လှပတယ်လို့ မမြင်မိဘူး။ ဒီနေ့တော့ ဒီလမ်းရဲ့ အလှတရားကို ကျွန်တော် ရှာတွေ့ခဲ့ပါပြီ။
အဲ့တာကတော့ ပန်းနီနီလို့ ခေါ်ရမလား၊ ရွက်နီနီလို့ ခေါ်ရမလား အသိပေမဲ့ အရမ်းကို ထူးဆန်းနေပါတယ်။
အကြောင်းကတော့ ဒါက တခြားပန်းတွေလို ပန်းပွင့် မဟုတ်ပဲ အရွက် အနီရောင်တွေဖြစ်ပြီး ပန်းပွင့်ပုံစံဖြစ်နေတာပါ။
မိတ်ဆွေများကိုလည်း မြင်တွေ့နိုင်စေရန် ကျွန်တော်ရိုက်ယူခဲ့တဲ့ ထိုပန်းနီနီများကို ပြန်လည်မျှဝေပေးလိုက်ရခြင်း
ဖြစ်ပါတယ်။
Hi @alynnyaung, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.
You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com
ကျေးဇူးပါ... 🙏