Kiss Me Quick

in blurtography •  4 years ago 

တစ်နေ့က နံနက်ခင်း စောစော ဧရာဝတီမြစ်ကမ်းဘေး
ကမ်းနားလမ်း တလျှောက် လမ်းလျှောက်ရင်း
လမ်းဘေးမှာ အလှစိုက်ထားတဲ့ Kiss Me Quick
ပန်းလေးတွေ မြင်ရတော့ ပုံရိုက် မှတ်တမ်းတင်ဖို့
စိတ်ကူးရတာနဲ့ ဓာတ်ဖမ်းခဲ့ပါတယ်။

img_0.8180102104704714.jpg

ငါ့ကိုအမြန်နမ်းပါ ဆိုတဲ့ ပန်းလေးတွေက အမည်နဲ့
လိုက်အောင် ပွင့်လွှာနှုတ်ခမ်းလေးတွေ ဖွင့်အာထားတာ
နှုတ်ခမ်းနီမလေးများ ညုနေသလိုမျိုး ချစ်စရာ
ကောင်းနေတယ် မဟုတ်လား။

img_0.9775943868449223.jpg

ဒီပန်းလေးတွေ ပေါ်စက ဆိုရင် အိမ်တွေ အတော်များများမှာ
တယုတယ တန်ဖိုးထား အလှကြည့်ဖို့ စိုက်ခဲ့ကြတာပါ။
ခုတော့ နည်းနည်း ရိုးသွားကြလို့ ထင်ပါ့၊ သိပ်ဂရု မစိုက်
ကြတော့ပါဘူး။
ဒါကလည်း လူ့သဘော လူ့မနော ပေပဲ မဟုတ်လား။
ပန်းလေးတွေ ကတော့ သူ့သဘာဝ သူ့အလှကို
ဖော်ပြဖို့ တုံ့ဆမနေကြပါဘူး။
ရှင်သန်နေရသမျှ ပွင့်ဖူးလို့ လှပနေကြတာပါပဲလေ။

မိတ်ဆွေ အားလုံး ပြုံးပျော်နိုင်ကြပါစေ။

@golden.future

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!