ခေါင်းမော့လျှက်ပါပဲ...

in blurt-123456 •  last year 

ခေါင်းမော့လျှက်ပါပဲ...


ဒီကျွဲကြီးက မိုင်းပေါက်မြို့မှာ
နာမည်ကြီးပဲ။ ဟုတ်ပေမပေါ့ ဒီမြို့က
လည်စရာ ပတ်စရာလည်းမရှိ။ စေတီပုထိုး
ဆိုလို့လည်း ဟော့ဒီက ကျွဲကန်ကြီးမှာပဲ
ရှိတာကိုးဗျ။ အဲ့တာတောင် စေတီက တစ်စူ
နဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းထဲရယ်။

image

ဘုရားစူးဗျာ။ "ဝ" လူမျိုးတွေရဲ့ ဘာသာ
က ဘာလဲမသိရသေး။ သို့ပေမဲ့ ဗုဒ္စဘာသာ
တော့ ဟုတ်မယ်မထင်ဘူး။ စေတီပုထိုးမှ
များများစားစားမရှိပေ။ ရှိတဲ့ စေတီ တစ်စူ
နဲ့ ဘုန်းကြီးကျောင်းတောင် ရှမ်းကျောင်း။

အင်း "ဝ" ဒီကလူတွေက လူမျိုးရေးခွဲခြားမှု
ရှိတယ်။ ဗမာဆို မုန်းတယ်တဲ့။ မခေါ်ချင်
မပြောချင်ဘူးရယ်။ အဲ့တော့ ဒီမှာက ရှမ်း၊
ဝ နဲ့ တရုတ်စကားကိုသာပြောကြတယ်။

image

ဒီနေ့တော့ ကျွဲကန်ကြီးဆီရောက်ဖြစ်ခဲ့
တယ်။ ဒါက ဘာမှထူးခြားတာလဲ မဟုတ်။
ညတိုင်း အလုပ်လုပ်ရင် ဒီကျွဲကန်ကြီးက
မရောက်မဖြစ်။ ဘာလို့ဆို သံတိုသံစနဲ့
ဘီယာဘူးခွံတွေက သူက အပေးများတာ
ကိုး။ ထူးခြားတာက ဒီနေ့ နေ့ခင်းပိုင်းကျွဲ
ကြီးဆီရောက်ဖြစ်ခြင်းဖြစ်တယ်။ နေ့ခင်းမို့
ကျွဲကြီးကို ကြည့်ရတာ ပိုပြီးမာန်ပါ
နေတယ်။ ကျွဲကြီးက ရွှေဝါရောင်နဲ့ ဦးခေါင်း
ကမော့ထားတယ်။ ကျွဲဖြစ်ပေမဲ့လည်း
မာန်မလျော့ဘူးဆိုတဲ့ သဘောပေါ့။
အဲ့တာက ဘယ်သူမှ ပြောတာမဟုတ်ပါ
ဘူး။ ကျွန်တော့်ဘာသာ တွေးပြီး ကျွဲကြီး
ကိုယ်စား ပြောတာ။

image

ကျွန်တော်တို့ လူသားတွေလည်း ဒီလိုပါပဲ။
ဘဝ တွေဆိုတာ နှိမ့်လိုက်၊ မြင့်လိုက်။
အခြေနေတွေ ဘယ်လောက်ဆိုးဆိုးဝါးဝါး
​ကြုံတွေ့ရပါစေ၊ အားမာန်မလျော့ဖို့ လိုအပ်
ပါတယ်။ ကိုယ်တက်နိုင်သလောက်ကို
ကြိုးစားလုပ်ရင်း။ ဘဝရှေ့ရေးတွက် ကြို
တွေးပြီး လုပ်သင့်လုပ်ထိုက်တာကို
အကောင်းဆုံး လုပ်သွားကြရမှာပဲမလား။

ဒီနေ့တော့ ကျွဲကြီးကပေးတဲ့ အတွေးကလေး
ကို မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။

image

ကျွဲကြီးကတော့ ခေါင်းမော့လျှက်ပါပဲ...
အားလုံး ကြိုးစားထား!!!

ကိုကိုမိုးဟိန်း
#KoKoMoeHein

@myanmarkoko

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (35.77 %) **

  ·  last year  ·  

Thank you 🙏

  ·  last year  ·  

Dear @myanmarkoko, your content was selected manually by curators @nalexadre, @ten-years-before to receive a curation from BeBlurt 🎉

image
BeBlurt (Blurt frontend): https://beblurt.com
 
BeBlurt Delegation program: manual curation + 85% reward back
 

  ·  last year  ·  

Thank you 🙏