Unusual Normal Days - ပုံမှန်မဟုတ်သော ပုံမှန်နေ့များ

in blurt-1130047 •  5 months ago 

(English)

The days we live through may seem normal, but in fact they are not.

The time that passed yesterday is not the same as today. The air you breathed yesterday cannot be the same as today. Our body yesterday may not be the same as our body today. Yesterday's sky may not be the same as today's sky. Also, many flowers that bloomed yesterday. Can't be different from today's flowers.

Do you remember things from our childhood? Wasn't it very strange to see a little butterfly flying? The stream and the forest were all strange things to us, weren't they? Now these things are no longer strange. The world you get after money has become a boring thing. This is because we assume that everything is the same every day.

If we just imagine that today is different from yesterday, we feel light and refreshed. The photos I took today are similar to the ones I took a few days ago. But if you look carefully at these photos, you will feel that they are different from the previous day.

image
image
image
imageimageimageimage

@myanmarkoko

This is my original content


(Myanmar)

ပုံမှန်မဟုတ်သော ပုံမှန်နေ့များ

ကျွန်တော်တို့ဖြတ်သန်းနေရသော နေ့ရက်များသည် ပုံမှန်အတိုင်းလည်ပက်နေသည်လို့ ထင်ရပေမဲ့ တကယ်တော့ ပုံမှန်မဟုတ်ပါဘူး။

မနေ့က ကုန်ဆုံးသွားသော အချိန်သည် ဒီနေ့အချိန်နဲ့ မတူပါဘူး။ မနေ့က ရှူရှိုက်ခဲ့သော လေသည် ဒီနေ့လေနဲ့ မတူနိုင်ပါဘူး။ မနေ့က ကျွန်တော်တို့ ခန္ဓာကိုယ်သည်လည်း ဒီနေ့ခန္ဓာကိုယ်နဲ့ မတူနိုင်ပါ။ မနေ့က မိုးကောင်းကင်သည် ဒီနေ့မိုးကောင်းကင်နဲ့ မတူနိုင်ပါ။ ထို့အတူ မနေ့က ပွင့်လန်းခဲ့သော ပန်းပွင့်များသည်။ ဒီနေ့ပန်းပွင့်များနဲ့မတူနိုင်ပါ။

ကျွန်တော်တို့ကလေးဘဝတုန်းက အကြောင်းရာတွေကို မှတ်မိကြဉီးမလား။ လိပ်ပြာငယ်တစ်ကောင်ပျံသန်းနေတာ မြင်ရင် အရမ်းကို ထူးဆန်းခဲ့တာမဟုတ်လား။ စမ်းချောင်းနဲ့ တောတောင်တွေ အားလုံးဟာ ကျွန်တော်တို့အတွက် ထူးဆန်းတဲ့အရာတွေ ဖြစ်ခဲ့တာမဟုတ်လား။ အခုတော့ ဒါတွေဟာ ဘာမှ မထူးဆန်းတော့သလို ခံစားနေရပြီ။ ပိုက်ဆံအနောက်ကို လိုက်ရင်း သင်ရရှိထားတဲ့ ကမ္ဘာဟာ ပျင်းရိစရာကောင်းတဲ့ အရာဖြစ်လာခဲ့ပြီ။ ဒါဟာ အရာအားလုံးဟာ နေ့စဉ်ရက်တိုင်း အတူတူပါပဲလို့ ကျွန်တော်တို့ မှတ်ယူထားလိုက်လို့ ဖြစ်ပါတယ်။

ဒီနေ့ဟာ မနေ့ကနဲ့မတူဘူးလို့သာ တွေးကြည့်မိရင် ကျွန်တော်တို့ရဲ့ စိတ်တွေ ပေါ့ပါးလန်းဆန်းလာတာကို ခံစားမိမှာပါ။ ကျွန်တော် ဒီနေ့ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရိုက်ယူခဲ့တဲ့ ပုံတွေနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံတွေကို သေချာကြည့်ပြီး ခံစားရင် အရင်နေ့က ပုံတွေနဲ့ မတူတာကို သင်ခံစားရမှာပါ။

image
image
image
imageimageimageimage

@myanmarkoko


#ကိုကိုမိုးဟိန်း


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  5 months ago  ·  


** Your post has been upvoted (29.82 %) **

Thank You