"On the wrong side" - Myanmar Popular Song / မှားတဲ့ဘက်မှာ (Eng-Myan)

in blurt-1130047 •  11 months ago 

Today I want to share a song that was released 3 years after my birth. That song was sung by 10 singers who are the legends of Myanmar and became very popular and successful in Myanmar. I was born in 1994. Nowadays, young people don't like this kind of music very much. But now I am 30 years old, I can't think why I like this song. It is now 2024, There are already many videos on Youtube where cover songs of this song have been sung.
image
Image Credit
It is written about a person who is against everyone and is abandoned by everyone. We are born with good and bad. Think about it. Have you ever taught newborn babies to cry? Or have you ever taught them to jump when they want to? Some children even do what their parents forbid them to do, right? But when we get old, to become a good society, we have to avoid bad things as much as possible and preserve the good things in ourselves. Here is my opinion.

I think this song is written about a person who doesn't hide anything. In this song, he composed only the good things of that person and simply described his appearance. It is difficult for us people to see evil even if it is a small grain of sand, and if it is good even if it is a big elephant. The person in this song must also have good manners, right? But I want to highlight the fact that people only notice the bad, so I have to share my opinion that only the bad of that person is composed in this song.


Cho: So I'm considering opposing views on people
It becomes difficult to decide who is right and wrong

I trained myself to see the good and the bad going hand in hand
For this reason, many people insulted me
I'm hateful because I'm close-minded and I'm seen as rude...

The Original Song - On the wrong side


Among the many cover songs, the cover song I want to share is the cover song sung by Poe Daly. I hope that some of my friends will remember the bad boy while listening to this song.

မှားတဲ့ဘက်မှာ - ပိုးဒါလီ


မှားတဲ့ဘက်မှာ

ဒီနေ့မှာတော့ ကျွန်တော်မွေးဖွားပြီး ၃ နှစ်အကြာမှာ ထွက်ရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို မျှဝေပေးချင်ပါတယ်။ အဲ့ဒီသီချင်းကို မြန်မာနိုင်ငံရဲ့ Lengend တွေဖြစ်တဲ့ အဆိုတော် ၁၀ ယောက်က သီဆိုခဲ့ပြီး မြန်မာနိုင်ငံမှာ အရမ်းကို နာမည်ကြီးပြီး အောင်မြင်ခဲ့ပါတယ်။ ကျွန်တော်က ၁၉၉၄ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။ ကျွန်တော်တို့ခေတ်မှာတော့ ဒီသီချင်းမျိုးကို သိပ်ပြီး လူငယ်တွေက မကြိုက်ကြတော့ပါဘူး။ ဒါပေမဲ့ အခုကျွန်တော် အသက် ၃၀ ရှိပြီ၊ ဘာလို့ ဒီသီချင်းကို ကြိုက်မိသွားတာလဲ မစဉ်းစားတက်ဘူးဖြစ်နေတယ်။ အခု ၂၀၂၄ ခုနှစ်ရှိပြီ၊ Youtube ပေါ်မှာ ဒီသီချင်းကို Cover Song တွေပြန်လည်သီဆိုထားကြတဲ့ Video အများအပြားလည်းရှိနေပါပြီ။

လူတွေအားလုံးရဲ့ ဆန့်ကျင်ဘက်မှာရှိပြီး လူတွေအားလုံးရဲ့ စွန့်ခွာခြင်းကို ခံရတဲ့ လူတစ်ယောက်အကြောင်းကို ရေးဖွဲ့ထားတာပါ။ ကျွန်တော်တို့တွေဟာ မွေးကတည်းက ကောင်းမှုနဲ့ မကောင်းမှုတွေဆိုတာ ပါလာခဲ့ပြီးသားဖြစ်ပါတယ်။ သင်စဉ်စားကြည့်ပါ။ မွေးကာစ ကလေးငယ်တွေကို သင်ငိုဖို့ သင်ပေးခဲ့ဖူးပါသလား၊ သို့အဟုတ် သူတို့ အလိုမကျတဲ့အခါ ဂျီကျတက်ဖို့ သင်ပေးခဲ့ဖူးပါသလား။ တစ်ချို့ကလေးဆိုရင် မိဘက မကောင်းဘူးလို့ တားမြစ်ထားတဲ့အရာကိုတောင်မှာ သူသူတို့ရဲ့ စိတ်သဘောအရ လုပ်ခဲ့ကြတာပဲမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အသက်ကြီးလာတဲ့အခါ ကောင်းမွန်သော လူ့အဖွဲ့အစည်းကြီးဖြစ်ဖို့ မကောင်းမှုတွေကို အတက်နိုင်ဆုံးရှောင်ကျင်ကြရင်း မိမိကိုယ်ကိုမှာ ရှိတဲ့ မကောင်းမှုတွေကို ထိန်းသိမ်းကြရတယ်။ ဒါကတော့ ကျွန်တော့်ရဲ့အမြင်ပါ။

ဒီသီချင်းလေးကလည်း ဘာကိုမှ မဖုံးကွယ်တက်တဲ့လူတစ်ယောက်အကြောင်းရေးဖွဲ့ထားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီသီချင်းထဲမှာတော့ အဲ့ဒီလူရဲ့မကောင်းမှုတွေကိုသာ ရေးဖွဲ့ထားပြီး ရိုးရှင်းစွာနဲ့ သူ့ရဲ့ အသွင်ပြင်ကို ဖော်ပြထားပါတယ်။ ကျွန်တော်တို့လူတွေဟာ မကောင်းမှုဆိုရင်တော့ သဲပွင့်ကလေးလောက်ပဲဖြစ်ပါစေ မြင်တက်ကြပြီး ကောင်းမှုဆိုရင်တော့ ဆင်ကောင်ကြီးလောက်ပဲဖြစ်ပါစေ မြင်တက်ကြဖို့ခက်ပါတယ်။ ဒီသီချင်းထဲမှာပါတဲ့ လူမှာလည်း ကောင်းတဲ့အမူအကျင့်တွေရှိမှာပဲမဟုတ်လား။ ဒါပေမဲ့ မကောင်းမှုကိုသာ လူတွေက သတိထားမိကြတဲ့အကြောင်းကို ပေါ်လွင်စေချင်လို့ အဲ့ဒီလူရဲ့ မကောင်းမှုတွေကို ဒီသီချင်းထဲမှာ ရေးဖွဲ့ထားခြင်းဖြစ်တယ်လို့ ကျွန်တော့်ရဲ့အမြင်ကို မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်။


ဝ လုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင် ရွှေလင်ဗန်းနဲ့ ထမင်းဆီဆမ်းရယ်
အမေဆိုပြလိုက်တော့ ရွှေသားအတိပြီးတဲ့ လင်ဗန်းကြီးပဲမက်မောကာ
ငါဟာလောဘတက်လာတယ်...

ပုခက်တွင်းမှဆင်း မြေကြီးပေါ်နင်းကာစ ရွှေယုန်လေးနဲ့ ရွှေကျားပုံရယ်
အင်မတန်ကောက်ကျစ်တဲ့ ယုန်ဆိုးလေးကို သိပ်ပြီးအားကျနေခဲ့တော့
ငါဟာကောက်ကျစ်တက်လာတယ်...

မျက်လုံးက တစ်ဖက်ကန်းနေခဲ့ပါရက်နဲ့ ဘုရင်ကိုဖမ်းပြီး အကျင်းချဝင့်သူ
ငရမန်ကန်ကြီးအား အရမ်းဂုဏ်ပြုမိတော့ တို့ကျောင်းက သမိုင်းဆရာလေးတောင်
လူပေလေးလို့ ငါ့ကိုခေါ်...

ဘိုင်စကုတ်ကြည့်တော့ လူကြမ်း ကိုအံကျော်ကို အလွန်တရာနှစ်သက်တက်ခဲ့တယ်
ငါ့နှလေးနားက ချစ်သူလေးကတောင် တဖြေးဖြေးငါ့ကို လန့်ကာ
ကြင်နာတက်မဲ့တစ်ယောက်ကိုရှာ...

Cho: ဒီလိုနဲ့ ဆန့်ကျင်ဘက်အမြင်တွေကို သုံးသပ်ရင်းလူတွေအပေါ်
ဘယ်သူက မှားပြီးမှန်တယ်လို့ ဆုံးဖြတ်ခက်လာတယ်

အဆိုးနဲ့အကောင်းဒွန်တွဲနေတက်တာကို မြင်နိုင်ဖို့လေ့ကျင့်ခဲ့တယ်
ဒီအတွက်အကျိုးမြတ်က အများတကာ မေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ်ကာ အရိုင်းအစိုင်းဖြစ်မြင်လာ...


Cover Song တွေအများကြီးရှိတဲ့အထဲကမှ ကျွန်တော်မျှဝေပေးချင်တဲ့ Cover Song ကတော့ ပိုးဒါလီ သီဆိုထားတဲ Cover Song ပဲဖြစ်ပါတယ်။ မိတ်ဆွေများနားဆင်ရင်း တစ်စုံတစ်ယောက်သော လူဆိုးကလေးကို သတိရမိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

မှားတဲ့ဘက်မှာ


The future is in your handDo not kill the timeIf you love yourself
Never give up!Try your BESTimage

THANK YOU
@myanmarkoko


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order: