ခရစ်စမက်ရောက်ပြီဆိုရင် ကျွန်တော် အလုပ်လုပ်ခဲ့တဲ့ Ruparmandalar Resort ကို သတိရမိစမြဲပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီ Hotel က 4 Star Hotel ဖြစ်ပြီး အများအားဖြင့် နိုင်ငံခြားသားတွေတည်းခိုတာ များတယ်။ Breakfast ကို အနောက်နိုင်ငံစတိုင်ခင်းကျင်းပြီး Service ပေးပါတယ်။
အဲ့ဒီဟိုတယ်မှာ Reception ကောင်တာရှေ့နဲ့ ပက်ပက်လည်မှာ Corridor ရှိပါတယ်။ ဧည့်သည်များ နားဆင်နိုင်ဖို့ Season အလိုက် သီချင်းတွေကို Corridor တစ်လျှောက်မှာ ဖွင့်ပေးထားပါတယ်။ မှတ်မှတ်ရရ အဲ့ဒီအချိန်က ခရစ်စမတ်ဖြစ်ပြီး အရမ်းအေးတယ်။ ကျွန်တော်က သန့်ရှင်းရေးဝန်ထမ်းဆိုတော့ အဲ့ဒီCorridor ကို Mop သန့်ရှင်းရေးလုပ်ရတယ်။ Taylor ရဲ့ Last Christmas သီချင်းကို နားဆင်ရင်း ဟိုတယ် Corridor မှာ အလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေက ကျွန်တော့်အတွက် တကယ် ပျော်ရွှင်စရာ နေ့ရက်တွေပါပဲ။
Last Christmas I gave you my heart
But the very next day you gave it away
This year, to save me from tears
I'll give it to someone special
အခုဒီနှစ် 2023 မှာလည်း ဒီ Last Christmas သီချင်းကို နှစ်ခြိုက်စွာ နားဆင်ရင်း အေးချမ်းတဲ့ ဆောင်းရာသီကို ဖြတ်သန်းနေပါတယ်။ မိတ်ဆွေများလည်း ကျွန်တော်နဲ့အတူတူ ဒီသီချင်းလေးကို နားဆင်လိုက်ကြရအောင်။
Hi @myanmarkoko, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.
You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com