ဆေးရံု၊ ဆေးခန်းနှင့် ကွျန်တော်

in blurt-1130047 •  5 months ago 

လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် ကျွန်တော့်ကျန်းမာရေးက ဖောက်ချင်နေခဲ့သည်။ အစ်မဆိုင်သို့ ဟော့ပေါ့ စားခဲ့ခြင်းက စခဲ့သည်။ ပြင်ဦးလွင်ဆောင်းသည် မညာမသာ အေးလွန်းနိုင်သည်။ အေးလှပါတယ္ဆိုသော မိုင်းပေါက်မြို့ရဲ့ဆောင်းကို ဖြတ်သန်းခဲ့ဖူးသည်။ အဲ့ဒီတုန်းက ဖျားနာခဲ့ခြင်းမရှိပေ။

ပြီးခဲ့သော ရက်ပိုင်းက ည ၈ ရှစ်နာရီလောက် အစ်မမှ ဆိုင်တွင် ဟော့ပေါ့စား လာရန်ဖုန်းဆက်ပြောသည်။ ကျွန်တော့်အနေနဲ့ မသွားချင်တော့ပေမဲ့ ဘေးနားက ဖုန်းနားထောင်နေသော တူမလေးများရဲ့ သွားချင်သော ဆန္ဒကြောင့် အစ်မဆိုင်သို့ ဆိုင်ကယ္နဲ့ သွားဖြစ်ခဲ့သည်။ ကျွန်တော်ထင်ထားသည်ထက် ပြင်ဦးလွင်ဆောင်းက ပို၍ရက်ဆက်စွာ၊ အညင်နာမဲ့စွာ အေးလှ၏။ ဒါကို ကြိုသိလို့ အနွေးထည်များ အထက်ထက်ဝတ်လာခဲ့သည်။ သို့ပေသိ ဆိုင်ကယ်စီးရင်း ပေါ်နေသော မျက်နှာ တစ်ဝိုက်ကို ဆောင်းလေ အေးစက်စက်ကြီးက အတင်းဝင်တိုက်တော့သည်။ မျက်နှာဖံုးပြီး ဆိုင်ကယ်စီးရအောင်ကလည်း မဖြစ်သေး။ ဓားမြတွေ စွပ်တဲ့ခောင်းစွပ်နဲ့ ဆိုရင်တော့ အအေးသက်သာနိုင်မည်။ သို့သော် သူခိုးဓားမြဆိုပြီး ဝိုင်းရိုက်မှ အေးတာထက်ပိုပြီး ဒုက္ခရောက်ရပေမည်။ မတက်နိုင်တော့ တဲ့အဆံုး ဒီတိုင်းကြီးပဲ အအေးဒဏ်ကို တင်းခံရ‌ပါတော့သည်။ ပြင်ဦးလွင်ဆောင်းကတော့ မှက်ပလားဟ ဆိုပြီး လှောင်ရယ်ကာ လက်စွမ်းပြတော့သည်။

ထိုနေကစပြီး ကျွန်တော်၏ ကျန်မာရေး စဖောက်လာတာကို သတိထားမိ၏။ များမကြာမီ နာစေး‌၊ ချောင်းဆိုး၊ ညောင်းကိုက် နောက်ဆက်တွဲများ ပါလာတော့သည်။ ဒင်းတို့အဲ့လောက်ရှိတာ ငါနဲ့တွေ့မယ်ဆိုပြီး မာန်တင်းကာ ရေချိုးလိုက်တော့ တစ်ညလံုး ကိုယ်တွေပူ၊ ခါးတွေကိုက်ပြီး အိပ်မရတော့ပဲ ဒုက္ခသစ္စာကို ကောင်းကောင်းကြီး ခံစားရပါတော့သည်။

ဆေးရံုးဆေးခန်းနဲ့ ပက်သက်ပြီး ကျွန်တော်က သွားခဲလှသည်။ ကျွန်တော်မှက်မိသလောက် အသည်း အသန်ဖြစ်၍ ဆေးထိုးရတဲ့ အကြိမ်ရေက ၄ ကြိမ်ရှိပြီး ဒီတစ်ကြိမ်ထပ်ပေါင်း စုစုပေါင်း ၅ ြကိမ်ရှိခဲ့သာရှိသည်။ ဒီတစ်ကြိမ်ကတော့ သိသိသာသာ ပို၍ ခံစားခဲ့ရသည်။ ရှေ့လျောက် ဇရာက ပြလာတော့မည်။ ထို့ကြောင့် အရင်လို ြကမ်းချင်တိုင်း ြကမ်းလို့မရတော့။ တသက်လံုး ကျွန်တော် ဆိုးသမျှ ပေတေခံခဲ့သော ခန္ဓာကိုယ်ကို ယခုတဖန် ကျွန်တော်ကပြန်ပြီး စောင့်ရှောက်ရပေတော့မည်။ ကျန်းမာရေးအသိလေးတွေ ရှာဖွေလေ့လာရတော့မည်။ ဆေးရံုးဆေးခန်းနဲ့ ဓာတ်မတဲ့အောင် ကြိုးစားရပေတော့မည်။
image

Writer: @myanmarkoko

Thank You

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  5 months ago  ·  


** Your post has been upvoted (48.74 %) **

Thank You

  ·  5 months ago  ·  

image

Hi @myanmarkoko, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.

You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com

image
*For a delegation of 45,000 BLURT 👉 https://beblurt.com/mydelegation/@beblurt

image
BeBlurt (Blurt frontend) 👉 https://beblurt.com
on IOS/Android 👉 https://beblurt.com/s/aMGBrg

Thank You