ဒီရက်ပိုင်းမှာ ကျွန်တော်အလုပ်ရှုပ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကွျန်တော့်ယောက်ဖရဲ့ စားသောက်ဆိုင်ဖွင့်ဖို့အတွက် ကူညီပေးနေရခြင်းကြောင့်ပါ။ ကျွန်တော်ကူညီလုပ်ကိုင်ပေးရတဲ့ အလုပ်က နံရံကို ပန်းချီဆွဲပေးရခြင်းဖြစ်ပါတယ်။
ကျွန်တော် Rising Star Game ထဲက ပံုတွေကို ပံုတူရေးဆွဲရင်းနဲ့ တကယ့်လက်တွေ့ဘဝမှာ ပန်းချီဆွဲရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ကျွန်တော်က ပန်းချီရေးဆွဲပြီး အသက်မွေးဝမ်းကြောင်းလုပ်နေတဲ့သူမဟုတ်လို့ ပန်းချီကို ကျွမ်းကျွမ်းကျင်ကျင်တော့ မဆွဲတက်ပါဘူး။ ဒါပေမဲ့ ပုံတူပန်းချီကို အနီးစပ်ဆုံး လှပအောင် ရေးဆွဲနိုင်ပါတယ်။
ကျွန်တော့် ယောက်ဖရဲ့ စားသောက်ဆိုင် နံရံအတွက် Google မှာ သူတို့ရေးဆွဲချင်တဲ့ ပုံကို အရင်ဆုံးရှာပါတယ်။ ပြီးရင်တော့ အဲ့ဒီပုံကို ကြည့်ပြီး ကျွန်တော်က နံရံမှာ ရေးဆွဲပေးခဲ့ပါတယ်။ ပထမရက်မှာ စားသောက်ဆိုင်ဆိုတော့ စားသောက်ဆိုင်နဲ့ လိုက်ဖက်မဲ့ စာသားကို ဒီဇိုင်းအလှလေးနဲ့ ပုံကို ကျွန်တော်ရေးဆွဲပေးခဲ့ပါတယ်။
ဒုတိယရက်မှာ စားဖိုမှုးကာတွန်းနဲ့ Oder မှာနေတဲ့ ကောင်မလေး ပုံကို ရေးဆွဲပေးခဲ့ပါတယ်။ စားဖိုမှုးပုံက ရေးဆွဲရတာ မခက်ပေမဲ့ ကောင်မလေးပုံကတော့ တကယ်ကို ရေးဆွဲရတာ ခက်ခဲခဲ့ပါတယ်။ စာရွက်နဲ့ ရေးဆွဲရတဲ့ပုံက အရွယ်အစားသေးတယ်။ နံရံမှာ ရေးဆွဲရတာက အရွယ်အစားကြီးပြီး အချိုးအစားတွေကို ပြန်ပြီး တွက်ချက်ရတာက ခက်ခဲပါတယ်။ ကျွန်တော်ရဲ့ ပန်းချီရေးဆွဲတဲ့ နေရာမှာ အကောင်းဆုံး အောင်မြင်စွာနဲ့ ရေးဆွဲတက်တဲ့ အကျင့်အတိုင်း နောက်ဆုံးမှာ အောင်မြင်စွာရေးဆွဲနိုင်ခဲ့ပါတယ်။
မိတ်ဆွေများရော ကျွန်တော်ရေးဆွဲထားတဲ့ ပန်းချီတွေကို ကြိုက်နှစ်သက်ကြပါရဲ့လား?
မိတ်ဆွေတို့ရဲ့ ထင်မြင် ယူဆချက်ကိုလည်း မှက်ချက်ပေးသွားဖို့ တောင်းဆိုပါတယ်။
The future is in your hand | Do not kill the time | If you love yourself |
---|---|---|
Never give up! | Try your BEST |
THANK YOU
@myanmarkoko
THANK YOU
@myanmarkoko
Hi @myanmarkoko, great news! Your content was selected by curators @ten-years-before, @nalexadre to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.
You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com
Thank You