ခဏလေးဖြစ်ဖြစ်

in blurt-1130047 •  9 months ago  (edited)

ကျွန်တော်ဒီနေ့မျှဝေပေးမဲ့ သီချင်းကတော့ မကြာသေးမီကထွက်ရှိထားတဲ့ Myanmar Singer Nyi Min Khaing ရဲ့ ခဏလေးဖြစ်ဖြစ်ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
image
Image Sources
ဒီသီချင်းကို ကျွန်တော် ပထမအကြိမ်နားထောင်တော့ သိပ်ပြီးမကြိုက်ခဲ့ပါဘူး။ ဒီသီချင်းက ဘာမှမထူးဆန်းဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ပြန်နားထောင်တဲ့အခါမှာတော့ ဒီသီချင်းထဲက ပြောပြနေတဲ့ အဓိပ္ပါယ်ကို နားလည်ခဲ့တယ်။

ခဏလေးဖြစ်ဖြစ် ပြန်ရချင်ပါတယ်...
ခဏလေးဖြစ်ဖြစ် ပြန်တွေ့ချင်ပါတယ်...
ငါလွမ်းလို့ ရူးတော့မယ်...

အဲ့ဒီလို အခြေနေမျိုးတွေ ကျွန်တော်တို့တတွေ ကြုံဖူးကြမှာပါ။ တစ်စုံတစ်ယောက် သို့မဟုတ် ကိုယ်ချစ်ရတဲ့သူနဲ့ အတူတူရှိခဲ့ဖူးတဲ့နေရာ ဒါမှမဟုတ် အတူတူ သွားလည်ခဲ့ဖူးတဲ့နေရာကို ပြန်ရောက်တဲ့အခါ ကျွန်တော်တို့ဟာ ထိုတစ်စုံတစ်ယောက် ဒါမှမဟုတ် ထိုချစ်ရသူကို သို့မဟုတ် ချစ်ခဲ့ဖူးသူကို ပြန်သတိရကြတာပဲမဟုတ်လား။ ပြီးတော့ ထိုလူနဲ့ ခဏလေးဖြစ်ဖြစ် စကားတွေပြောချင်ကြတာပေါ့။ ထိုလူနဲ့ ခဏဖြစ်ဖြစ်တွေ့ပြီး သူနဲ့ဝေးကွာပြီးနောက် ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့ကြုံတွေကို ပြောပြချင်ကြတာပဲ။

ဆုံနေကြ အချိန်နာရီရောက်တိုင်းလည်း မင်းဖုန်း Ring သံလေးကြားမိသလိုပဲ စိတ်တွေရယ်...
ဆုံနေကြ နေရာတွေငါသွားလဲ မင်းအငွေ့သက်တွေက ခုထိကဗျာဆန်နေတုန်းပဲ...
အတိတ်ကို အတိတ်မှာထားပါလို့ လူတွေနှစ်သိမ့်စကားသံတွေ...
ပြောရင်တော့ လွယ်ပါတယ်... ထိလွယ် ရှလွယ် ဒီအသဲ...

အချိန်တွေ ဘယ်လောက်ပဲကြာညောင်းပါစေ ကျွန်တော်တို့ ချစ်ခင်ရသူတွေနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တွေနဲ့ နေရာတွေမှာ သူတို့ရဲ့ အငွေ့သက်တွေက ကဗျာဆန်နေတုန်းပဲလို့ ခံစားကြရစမြဲမဟုတ်လား။ သေချာနားထောင်ကြည့်မှ ဒီသီချင်းလေးက ကျွန်တော့်ရဲ့ ရင်ခုန်သံကို ပြန်လည်နိုးထပြီး အတိတ်ကို ပြန်သတိရစေပါတယ်။ ကဲမိတ်ဆွေတို့ရော ဒီသီချင်းလေးကို ကြိုက်မလား မသိပေမဲ့ ကျွန်တော်ကတော့ ဒီသီချင်းကို ဆက်ပြီးခံစားနေဦးမှာပါ။

ခဏလေးဖြစ်ဖြစ်: - ညီမင်းခိုင်


Video From Youtube


The future is in your handDo not kill the timeIf you love yourself
Never give up!Try your BESTimage

THANK YOU
@myanmarkoko

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  9 months ago  ·  


** Your post has been upvoted (55.71 %) **

Thanks
Happy Blurts Day!

  ·  9 months ago  ·  

image

Hi @myanmarkoko, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.

You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com

image
*For a delegation of 45,000 BLURT 👉 https://beblurt.com/mydelegation/@beblurt

image
BeBlurt (Blurt frontend) 👉 https://beblurt.com
on IOS/Android 👉 https://beblurt.com/s/aMGBrg

Thank You