လင်းလင်းဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးအဆိုတော်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး ကိုယ်တိုင်သီဆိုပါတယ်။ ကျွန်တော်တို့ ၈တန်းကျောင်းသားဘဝတုန်းက ``ငါ့ဘက်ကမှားတာပါ။ တလောကလံုး အမှန်ပဲလေ´´ ဆိုတဲ့ သီချင်းစာသားလေးကို အော်ဆိုရင်းနဲ့ အဆိုတော် Lynn Lynn ကိုစပြီး ခရေစီြဖစ်ခဲ့ရပါတယ်။
အခုဒီပိုစ်မှာ ကျွန်တော်မျှဝေပေးချင်တဲ့ သူ့ရဲ့ သီချင်းကတော့ "ဘီလူးဆိုင်းနဲ့ ပူဇာ်ခြင်း" ဖြစ်ပါတယ်။ ဒီသီချင်းဟာ မြန်မာနိုင်ငံ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ သီချင်းဖြစ်ပါတယ်။
ဘီလူးဆိုင်းနဲ့ပူဇော်ခြင်း
V1
လမ်းမထက်က အမှန်တရားများ ရေမြောင်းထဲရောက်သွားတော့ လူဟာလူလို တွေးတောတက်ဖို့ နဲနဲခက်လာတယ်...
V2
လက်မှက်မရှိတဲ့ ကတိစကားများ ထွန်းကားခဲ့ကြတော့ လူဟာလူလို တွေးတောတက်ဖို့ နဲနဲခက်လာတယ်...
Cho:
လွတ်လပ်တဲ့ ဒီခံစားချက် သီချင်းတစ်ပုဒ်ညဉ်းရင်းနဲ့ ကံကြမ္မာကိုငါ နားမျက်စိမှိတ် စောင့်လို့ ပိတ်ကန်မယ်...
V3
ကျောထောက်နောက်ခံ အရှင်ဘုရားများ နားခနပိတ်ပေးပါ။ ဒီကမ္ဘာမြေကို ဘီလူးဆိုင်းတီးပြီး ခနလောက် ကန်တော့ချင်တယ်...
V4
ကျောကုန်းထက်ကို ဖိနပ်စီးရင်း တစ်ယောက်တစ်လှည့်နင်းကျတဲ့ လူတွေကမ္ဘာမှာ "စလံုးနဲ့" စတဲ့ စောက်တရား ထွန်းကားပါတယ်...
တကယ်တော့ စစ်အာဏာရှင်တွေဟာ ကတိသစ္စာနဲ့ တရားမျှတမှုကို တန်ဖိုးထားလိုက်နာကျင့်သုံးခြင်းမရှိတဲ့အကြောင်းကို ဒီသီချင်းထဲမှာ အဓိပ္ပါယ်ကို ဖွတ်ပြီး ရေးစပ်ထားတာြဖစ်ပါတယ်။
ဘီလူးဆိုင်းနဲ့ ပူဇော်ခြင်း
မိတ်ဆွေများ ကျွန်တော် မျှဝေပေးခဲ့တဲ့ ဒီသီချင်းကို ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆိုတော် လင်းလင်းကို အားပေးချင်တယ်ဆိုရင် Official Channel ကို ဝိုင်းရန်ပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။
Yotube |
#ကိုကိုမိုးဟိန်း
#KoKoMoeHein
@myanmarkoko
** Your post has been upvoted (30.97 %) **
Curation Trail is Open!
Join Trail Here
Delegate more BP for bigger Upvote + Daily BLURT 😉
Delegate BP Here
Upvote
https://blurtblock.herokuapp.com/blurt/upvote
Thank you 🙂 @tomoyan
I am really appreiate!
Happy Blurts Day!
Hi @myanmarkoko, great news! Your content was selected by curators @ten-years-before, @nalexadre to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.
You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com
Thank You So Much.
Its really great. I love beblurt. 💕