Blurt Myanmar Community မိသားစုဝင်
များအားလုံး မင်္ဂလာရှိသော နေ့ရက်လေး
ဖြစ်ကြပါစေ...
ဒီကနေ့ ကျွန်တော်မျှဝေပေးချင်တဲ့
အကြောင်းရာကတော့ ပုဇွန်ခြောက်
ကြော်နည်းပဲဖြစ်ပါတယ်။ ကျွန်တော်က
စားဖိုမှုး မဟုတ်ပေမဲ့ ဟင်းချက်ရတာတော့
ဝါသနာပါတဲ့ လူတစ်ယောက်ပါ။
ပါဝင်ပစ္စည်းများ
၁။ ဆားအနည်းငယ်
၂။ အရသာမှုန့် အနည်းငယ်
၃။ ပုဇွန်ခြောက် ၁၀ ကျပ်သား
၄။ ကြက်သွန်ဖြူ
၅။ ကြက်သွန်နီ
၆။ ကြော်ရန် ဆီ
၇။ ငရုတ်သီးမှုန့်
ပုဇွန်ခြောက် ကြော်နည်း
အဆင့် (၁)
ကြော်ရန်ဒယ်အိုးထဲကို ဆီအနည်းငယ်ထဲ့ပြီး
အပူချိန် နဲနဲဖြင့် ကြော်လှော်ပါ။ ၂ မိနစ်
တစ်ချိန်ခန့် မွှေပါ။ ဆား အနည်းငယ်နှင့်
အရာသာမှုန့် ထဲ့ပါ။ ပုဇွန်ခြောက်အရောင်
နီရဲလာပြီဆိုလျှင် ကြော်လှော်တာကို ရပ်ပြီး
ကြော်ပြီးတဲ့ ပုဇွန်ခြောက်တွေကို ပန်းကန်
တစ်ခုခုထဲသို့ ရေခြောက်အောင်သုပ်ပြီး
ထဲ့ပါ။ ပြီးလျှင် ပုဇွန်ခြောက်များအား
ထောင်းပါ။
အဆင့် (၂)
ကြက်သွန်နှင့် ကြက်သွန်ဖြူကို မိမိကြော်
ထားတဲ့ ပုဇွန်နှင့် ချင့်ချိန်ကာ သင့်တင့် သော
ပမာဏအား အခွံခွာကာ ပါးပါးလှီးပါ။
ပြီးလျှင် ကြော်ရန်အိုးထဲသို့ သင့်တင့်သော
ကြောရန်ဆီ ပမာဏအားထဲ့ပြီး အနည်းငယ်
ပူတဲ့ထိစောင့်ပါ။ ပြီးလျှင် အနည်းငယ်အပူ
ပေးပြီးသော ဆီထဲ့သို့ ကြက်သွန်ဖြူကို
အရင်ထဲ့က အရောင်အနည်းငယ်ဝါလာတဲ့
အထိကြော်ပါ။ မှက်ချက်ါ ထို့သို့ ကြော်နေ
ချိန် ခနခန မွှေပေးပါ။ အဲ့သလို မလုပ်လျှင်
ကြက်သွန်ဖြူမှာ တူးသွားတက်ပါတယ်။
တအောင့်ကြာလျှင် ကြက်သွန်ဖြူများ
အနည်းငယ်ဝါလာပါလိမ့်မယ်။ အဲ့ဒီချိန်မှာ
အသင့်လှီးထားတဲ့ ကြက်သွန်နီကို ထဲ့ကာ
ရောမွှေကာကြော်ပါ။ ကြက်သွန်နီ ကို
ဘာကြောင့် နောက်မှထဲ့ရတာလဲဆိုရင် ကြက်သွန်နီက ခနနဲ့ အကျက်မြန်
လို့ပါ။ ကြက်သွန်နီနဲ့ကြက်သွန်ဖြူများ
အဝါရောင်ရင့်ရင့်ဖြစ်သွားတဲ့ထိ ကြော်ပါ။
အဆင့် (၃)
ကြက်သွန်နဲ့ ကြက်သွန်ဖြူ ခြောက်စပြုလာ
ပြီဆိုလျှင် ငရုတ်သီးမှုန့်ကို တင့်သင့်သော
ပမာဏထဲ့ကာ ရောမွှေပါ။ ပြီးလျှင်
ဆားအရသာ အနည်းငယ်ထဲ့ပါ။ အတန်ကြာ
အောင်မွှေကြော်ပြီးလျှင် အသင့်ကြော်ထား
တဲ့ ပုဇွန်ခြောက်တွေကို ထဲ့ကာ ရောမွှေပြီး
မိနစ်အနည်းငယ်ကြာအောင် ထပ်ကြော်ပါ။
ကဲဒီအဆင့်တွေ အားလုံးပြီးသွားဆိုရင်တော့
အရမ်းကိုအရသာရှိတဲ့ ပုဇွန်ခြောက်ကြော်မွှေး
မွှေးကလေးကို မြိန်ရည်ရှက်ရည် သုံးဆောင်နိုင်
ပါပြီ။
Post creator : @myanmarkoko
From : Myanmar
Name: KoKoMoeHein
27.07.23
** Your post has been upvoted (26.69 %) **
Curation Trail is Open!
Join Trail Here
Delegate more BP for bigger Upvote + Daily BLURT 😉
Delegate BP Here
Upvote
https://blurtblock.herokuapp.com/blurt/upvote
Thank you 🙂 @tomoyan
Thank You
Thanks for posting in Blurt Myanmar Community!
Thanks
Dear @myanmarkoko, your content was selected manually by curators @ten-years-before, @nalexadre to receive a curation from BeBlurt 🎉
Thank you so much!