ဘဲနှင့် ကျွန်တော့်အတွေး

in blurt-1130047 •  last year 

Blurt နဲ့ ဝေးကွာခဲ့တာ ၆ ရက်ရှိခဲ့ပါပြီ။
ဒီနေ့တော့ အချိန်လေးအားတာနဲ့ Blurt
ဆီကို အရောက်လာဖြစ်ခဲ့ပါတယ်။

ဒီနေ့ထပ်ပြောပြမဲ့အကြောင်းအရာကတော့
ခေါင်းစဥ်မှာပြောထားသလို ဘဲအကြောင်းပဲ
ဖြစ်ပါတယ်။ ဘဲဆိုလို့ မိန်းကလေးခေါ်တဲ့
ဘဲကိုပြောတာမဟုတ်ပါဘူး။ အသားစားရ
တဲ့ တိရစ္ဆာန် ဘဲအကြောင်းပြောမှာပါ။

ထုံးစံအတိုင်း အလုပ်ပါးလို့ အနီးပတ်ဝန်း
ကျင်ကို လျောက်လည်စူးစမ်းရင်း တွေ့ခဲ့ရ
တဲ့ ဘဲတွေအကြောင်းနဲ့ ဆက်စပ်ပြီးတွေးမိ
တဲ့ အတွေးများကို မျှဝေပေးသွားမှာပါ။


ဘဲနှင့် ကျွန်တော့်အတွေး

ဘဲတွေလို သတ်ကွင်းထဲမှာ မိမိသေမဲ့နေ့ကို
ထိုင်စောင့်နေမဲ့အစား စိမ်းလန်းပြီး ပျော်ရွှင်
မှုတွေအပြည့်ရှိတဲ့
တောအုပ်ကလေးဆီကို...

image


ယခု ကျွန်တော်နေသော အဆောင်မှာ
မိုင်းပေါက်မြို့ရဲ့ မြို့စွန်မှာ တည်ရှိပြီး အနီး
မှာ စိမ်းစိမ်းတောက်နေသော လက်ဖက်ခြံ
ကျယ်ကြီးရှိပါတယ်။ အဲ့ဒီလက်ဖက်ခြံကြီး
ရဲ့ အနားမှာ ရပ်ကွက်ငယ်ကလေးများ ရှိပါ
တယ်။ ကျွန်တော်နေတဲ့အဆောင်မှ အဲ့ဒီ
ရပ်ကွက်ကလေးကို ၁၅ မိနစ်ခန့်
လမ်းလျှေက်သွားရပါတယ်။ ကျွန်တော်တို့
အားပေးနေကျ မုန့်ဆိုင်ကလေးကို အတော်
တန်ကြာအောင် ဖြတ်လျောက်လာပြီးရင် ကုန်းစောင်းကလေးကို တွေ့ရပါတယ်။
အဲ့ဒီကုန်းစောင်းလေးမှာ ဘဲခေါင်းစိမ်းနဲ့
မန်ဒါလီဘဲတွေ ငြိမ်ပြီးဝမ်နေကြပါတယ်။
ဒါမဲ့ လူမြင်ရင်တော့ လှုပ်လှုပ်ရွရွ ဖြစ်လာ
ပြီး ဂဲဂဲဂဲ နဲ့အော်ကြပါတယ်။

image

image

ဒီဘဲတွေဟာ အသားစားဖို့ မွေးထားပုံရပါ
တယ်။ သူတို့ဟာ ပန်းခြံကျယ်ကြီးနဲ့ ရေကန်
ကြီးနှဘေးမှာသာ နေခွင့်ရရင် ဘယ်လောက်
တောင် ကြည်နူးနေကြလိမ့်မလဲ?။

ကျွန်တော့်ရဲ့အတွေး

ဒီဘဲတွေဟာ ခြံစည်းရိုးတွေခက်ကာ
အလှုံကာပြီး မွေးမြူခံထားရတာ မဟုတ်ပါ
ဘူး။ ဘေးမှာခြုံပုတ်တွေရှိပြီး နဲနဲသွားလိုက်
ရင် တောအုပ်ကြီးဆီ ရောက်သွားမှာပါ။
ဒီဘဲတွေဟာ ဘာကြောင့် ဒီသက်ကွင်းထဲက
ရုန်းမထွက်ပဲ မိမိသေမဲ့နေ့ကို စောင့်ဆိုင်း
ပြီး အသက်ရှင်နေကြရတာလဲ။ အကြောင်း
ကတော့ အချိန်တန်ရင် အစာစားရမယ်။
ရေသောက်မယ်။ နားမယ်။ အိပ်မယ်။
ဘာမှ ပင်ပင်ပန်းပန်း ရှာဖွေနေစရာမှ
မလိုတာ အဲ့တာကြောင့် သူတို့ဟာ
ဒီသက်ကွင်းထဲက ရုန်းမထွက်နိုင်ကြတာပါ။

ဒီလိုပဲ ကျွန်တော်တို့ လူမှုပက်ဝန်းပျင်မှာ
ထိုနည်းတူ ဖြစ်နေကြပါတယ်။ အထူးသဖြင့်
တော့ လခစားဝန်ထမ်းတွေပေါ့။ သူတို့ဟာ
ရတဲ့ လစာလေးနဲ့ ဝမ်းရေးကို ဖြေရှင်းကြရ
တယ်။ နေ့စဥ် အလုပ်သွားမယ်။ လကုန်လို့
အချိန်တန်ရင် လစာရမယ်။ တစ်နှစ် (သို့)
ခြောက်လ ပြည့်မှ တိုးမဲ့လစာကလေး
အနည်းငယ်ကို မျှော်ကိုးပြီး သာယာနေတက်
ကြတယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့ရှာနိုင်
တယ်ဆိုတာကို သူတို့မေ့နေကြတယ်။

imageimageimage

ကျွန်တော်တို့ဟာ ဒီလိုလခစား သံသရာ
ထဲက ရုန်းထွက်ဖို့ဆိုရင် ဝင်ငွေရလမ်းတွေ
များစွာ ဖန်တီးဖို့လိုပါတယ်။ ဘယ်လို
ဖန်တီးရမလဲဆိုတာကတော့ အားလုံးသိပြီး
တဲ့အတိုင်း ရင်းနှီးမြုပ်နှံရပါမယ်။ ယခု
ခေတ်ကာလက ပိုပြီးတိုးတက်လာပါပြီ။
Internet သုံးပြီး ဝင်ငွေရစေမဲ့ နည်းတွေကို
မျိုးစုံသုံးပြီး ရှာဖွေလို့ ရနေပါပြီ။ ဥပမာ
Hive, Blurt နဲ့ Steemit တို့လို Social Media
Site တွေမှာ မိမိရဲ့ အတွေ့ကြုံနဲ့ စိတ်ကူး
စိတ်သန်းတွေကို မျှဝေပြီး ပိုက်ဆံရှာလို့
ရပါတယ်။

အနှစ်ချုပ်

ဒီနေ့ဟာ စိတ်ကို အနားပေးပြီး စိမ်းလန်း
အေးချမ်းတဲ့ တောတောင်တွေကို ရှုမြင်ခံ
စားရလို့ ပျော်ရွှင်မိတယ်။ ပြီးတော့ ရွာထဲက
မွေးထားတဲ့ မွေးထားတဲ့ ဘဲတွေကို ကြည့်ပြီး
အတွေးသစ်အမြင်သစ်တွေ ရရှိလိုက်တာက
ဒီနေ့ရဲ့ အမြတ်တစ်ခုတော့ပေါ့။
ဘဲတွေလို သတ်ကွင်းထဲမှာ မိမိသေမဲ့နေ့ကို
ထိုင်စောင့်နေမဲ့အစား စိမ်းလန်းပြီး ပျော်ရွှင်
မှုတွေအပြည့်ရှိတဲ့ တောအုပ်ကလေးဆီကို
အတူတူ သွားကြပါစို့...


# Above content translated from English Previous Post


Thanks for reading my post.



I am,
#KoKoMoeHein
@myanmarkoko

Thank-You-GIF-37.gif


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (32.98 %) **

  ·  last year  ·  

It was alittle long time no see!
Many thanks!

  ·  last year  ·  

Dear @myanmarkoko, your content was selected manually by curators @ten-years-before, @nalexadre to receive a curation from BeBlurt 🎉

image
BeBlurt (Blurt frontend): https://beblurt.com
 
BeBlurt Delegation program: manual curation + 85% reward back
 

  ·  last year  ·  

Thank you so much!
Much Appreciate...

I have a plan to share about Blurt
Free speech Social Media Platform
on my Youtube Channel. Could you
tell me some special tips?

  ·  last year  ·  

For me the great specialist on Blurt regarding Youtube is @offgridlife, I'm sure he can give you some advice on this subject. Don't hesitate to give me the link to your Youtube channel so that I can subscribe to it with my nalexadre youtube account 😉

  ·  last year  ·  

I created a Channel for Myanmar People who interesting about
"Online Earning". There have no
Myanmar users on Blurt but
have some in Hive. As I am not a
full time Online Earner I can not
give much time for sharing.

This is my Youtube Channel.
But I did not make any video yet 😁

Please can I get your Youtube
link?