အတွေးများစွာနဲ့ သန့်ရှင်းရေးနေ့ (အပိုင်း - ၂)

in blurt-1130047 •  last year 

essence


လူတွေဟာ သူတပါးမှာ ရှိတဲ့အရာတွေ
ကိုသာ ချီးမွှမ်းတက်ကြပြီး မိမိမှာ ရှိတဲ့
အရာတွေကိုတော့ ကျေးဇူးတင်ဖို့
မေ့နေတက်ကြပါတယ်...


အရင်ပိုစ် အပိုင်း (၁) မှ အဆက် >>>

ဒီမှာ တွေးစရာအတွေး တစ်ခုကထပ်ပေါ်
လာတယ်။ အရာဝတ္ထုတွေဟာ သန့်ရှင်း
ရေးမလုပ်ပဲ ပစ်ထားရင် ကြာလာတဲ့အခါ
ဖုံတက်ပြီး ညစ်နွမ်းသွားပါတယ်။
ဒီလိုပဲ ကျွန်တော်တို့ရဲ့ စိတ်တွေဟာလည်း
သန့်ရှင်းရေးမလုပ်ပဲထားရင် ကြာလာရင်
ညစ်နွမ်းသွားနေတက်ပါတယ်။ အရာဝတ္ထု
တွေကို သန့်ရှင်းသွားအောင် ဆပ်ပြာနဲ့ရေနဲ့
တိုက်ချွတ်ဆေးကြောပေးရတာ လွယ်ပါ
တယ်။ မိမိရဲ့စိတ်ကို သန့်ရှင်းစင်ကြယ်
အောင်ပြုလုပ်ရတာက အတော်ကို ခက်ခဲ
ပါတယ်။ ဒီနေရာမှာ စိတ်ကို သန့်ရှင်းစင်
ကြယ်အောင် လုပ်ဖို့ ကျွန်တော့်အတွေးကို
မျှဝေပေးသွားမှာဖြစ်လို့ အမှားပါကောင်း
ပါနိုင်ပါတယ်။ ဒါကြောင့် အမှန်သိသူများ၊
ဒါမှမဟုတ် သဘောထား ကွဲလွဲသူများရှိပါ
ကလည်း ကွန့်မန့်မှာ ဝင်ရောက်ဆွေးနွေး
သွားနိုင်ပါတယ်။


အတွေးများစွာနဲ့ သန့်ရှင်းရေးနေ့ (အပိုင်း - ၂)

ကျွန်တော်တွေးမိတဲ့ စိတ်ကိုစင်ကြယ်အောင်
၊ ကြည်လင်အောင်လုပ်ဖို့ အချက်(၃)ချက်
ရှိပါတယ်။

(၁) မိမိရဲ့စိတ်ကို ပြန်လည် ဆန်းစစ်ခြင်း။

(၂) တရားဓမ္မဖြင့် စိတ်ကို ဆေးကြောခြင်း။

(၃) မိမိပတ်ဝန်းကျင်နဲ့ လောကကြီးကို
ကျေးဇူးတင်ခြင်း တို့ဖြစ်ပါတယ်။

ဒီအချက် ၃ ချက်ဟာ ကျွန်တော်ဖတ်ဖူး၊
ကြားဖူးသမျှနဲ့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့
ရတဲ့ အရာတွေကို ခြုံပြီး ကောက်ချက်
ချလိုက်တာပါ။

(၁) မိမိရဲ့စိတ်ကို ပြန်လည် ဆန်းစစ်ခြင်း။

တခါတလေမှာ ကျွန်တော်တို့ဟာ တစ်ခုခုကို
အလိုမကျ ဖြစ်နေတက်ပါတယ်။ တခါတလေ မိမိကိုယ်ကို အားမလို၊ အားမရ၊ မကျေ
မနပ်ဖြစ်နေတက်ပါတယ်။ အဲ့ဒီခါ ကိုယ့်ရဲ့
စိတ်ကို ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

image

သူများတွေ အေးအေးဆေးဆေး ချမ်းချမ်း
သာသာ နေနေရတာကို မြင်ပြီး မိမိဘဝနဲ့
နှိုင်းယှဥ်မိခြင်း ၊ မိမိမှာ ဘာမှ တိုးတက်
လာတာမရှိဘူးဆိုပြီး အပြစ်တင်ခြင်း
စတဲ့ မကောင်းမြင်တဲ့စိတ်၊ မနာလိုတဲ့စိတ်၊
သိမ်ငယ်တဲ့စိတ်တွေကို တွေ့ရပါတယ်။
အဲ့ဒီလို မိမိရဲ့ စိတ်ကို ပြန်ဆန်းစစ်ကြည့်မှ
မိမိရဲ့ စိတ်ကို ဘယ်လို ဆေးကြောရမလဲ
ဆိုတာ နည်းလမ်းရှာလို့ရမှာဖြစ်ပါတယ်။
အဲ့လိုမှ မဟုတ်ရင် မိမိရဲ့စိတ်ဟာ ညစ်နွမ်း
ဒါထက် ပိုပြီး ညစ်နွမ်းလာမှာပါ။

(၂) တရားဓမ္မဖြင့် စိတ်ကို ဆေးကြောခြင်း။

ဒါကတော့ ထွေထွေထူးထူး ရှင်းပြစရာ
လိုမယ်မထင်ပါဘူး။ မိမိရဲ့စိတ်ကို စင်ကြယ်
အောင် ဆေးကြောဖို့ တရားဓမ္မဟာ
အကောင်းဆုံးပါပဲ။ လူတိုင်းမှာ မိမိယုံကြည်
ကိုးကွယ်တဲ့ ဘာသာတရား ရှိပါတယ်။
မိမိရဲ့ စိတ်ကို ဆန်းစစ်ပြီးရင် မိမိကိုးကွယ်
ယုံကြည်တဲ့ တရားဓမ္မနဲ့ ဆေးကြောရမှာ
ဖြစ်ပါတယ်။

image

ကျွန်တော်ဟာ ဗုဓ္ဓဘာသာကို
ယုံကြည်သက်ဝင်သူတစ်ယောက်ဖြစ်တာ
ကြောင့် အဲ့ဒီလို စိတ်တွေညစ်နွမ်းလာပြီဆို
ရင် Youtube ပေါ်ကနေ ဆရာတော်ကြီး
များရဲ့ တရားတော်များကို နာယူကာ
မိမိရဲ့စိတ်ကို ဆေးကြောလေ့ရှိပါတယ်။
ယခုတလော ကျွန်တော်နာယူမိတဲ့ တရား
တော်မှာ ပါချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတဲ့
"စိတ်၏ ထွက်ပေါက်များ" တရားတော်
ဖြစ်ပါတယ်။ ဗုဓ္ဓဘာသာဝင် မိတ်ဆွေများ
နာယူရန် ပြန်လည်မျှဝေလိုက်ပါတယ်။


"စိတ်၏ ထွက်ပေါက်များ" တရားတော်


Above Video from Youtube


(၃) မိမိပတ်ဝန်းကျင်နဲ့ လောကကြီးကို ကျေးဇူးတင်ခြင်း

ယနေ့ခေတ်ဟာ တိုးတက်နှုန်းအရမ်း
မြင့်မားလာတာနဲ့အမျှ စိမ်ခံပစ္စည်းအသုံး
အဆောင်များမှာလည်း ဒီဇိုင်းမျိုးစုံဖြင့်
ပေါများလာပါတယ်။ အဲ့ဒါတွေကြောင့်ပဲ
ကျွန်တော်တို့တတွေဟာလည်း လူနေမှု
အဆင့်တန်းမြင့်မားဖို့၊ အများနဲ့တန်းတူ
နေနိုင်ဖို့တွက် အားလပ်ချိန်မရှိလောက်
အောင်ပဲ ကြိုးစားကြရပါတယ်။
တခါတလေ ကိုယ့်မှာရှိတဲ့ အရာတွေကို
မမြင်ပဲ၊ သူတစ်ပါးမှာ ရှိတဲ့အရာတွေကိုသာ
မြင်တက်ကြပါတယ်။ အဲ့ဒါဟာ ဘာဖြစ်လာ
သလဲဆိုရင် မိမိကိုယ်ကို မကျေမနပ်
ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ မိမိ
ကိုယ်ကို သိမ်ငယ်စိတ်တွေ ဖြစ်ပေါ်စေပါ
တယ်။ ဒါကြောင့် ကျွန်တော်ဖတ်ဖူးတဲ့
"ဘဝပြောင်း ပညာ" စာအုပ်ထဲမှာ ဘာရေး
ထားသလဲဆိုရင်...

လူတွေဟာ သူတပါးမှာ ရှိတဲ့အရာတွေ
ကိုသာ ချီးမွှမ်းတက်ကြပြီး မိမိမှာ ရှိတဲ့
အရာတွေကိုတော့ ကျေးဇူးတင်ဖို့
မေ့နေတက်ကြပါတယ်...
တဲ့။

ဟုတ်ပါတယ်။ အဲ့လို့မိမိမှာရှိနေတဲ့အရာတွေ
ကို ကျေးဇူးတင်ဖို့ မေ့နေတာကြောင့်ပဲ
မိမိလိုချင်တဲ့အရာတွေရဖို့ ခက်ခဲနေကြ
ရတာဖြစ်ပါတယ်။ မိမိမှာ ရှိတဲ့အရာတွေကို
ကျေးဇူးတင်ဖို့လိုပါတယ်။

image

ဥပမာ - အိပ်ယာထတယ်ဆိုပါစို့။
အိပ်ရေးကမဝဘူး။ ညောင်းကိုက်နေတာပဲ။
အလုပ်လည်း မသွားချင်ဘူး စတဲ့
အဆိုးမြင်တဲ့ အတွေးတွေကို တွေးမဲ့အစား။
ဒီလိုလေး ပြောင်းတွေးရင် မကောင်းဘူး
လား?။ ဒီမနက် ငါကျန်းကျန်းမာမာနဲ့
နိုးထနိုင်တဲ့ အတွက် ငါ့ခန္ဓာကိုယ်ကို
ကျေးဇူးတင်တယ်။ ပြီးရင် အိပ်ယာထ
လမ်းလျှောက်မိပြီဆိုတာနဲ့ အခက်မရှိပဲ
ယနေ့ချိန်ထိ လမ်းလျောက်နိုင်သေးတဲ့
ငါ့ခြေထောက်ကို ကျေးဇူးတင်တယ်။
မျက်နှာသစ်ပြီဆိုရင်လည်း လှုပ်ရှားနိုင်သေး
တဲ့ ငါ့ရဲ့လက်တွေကို ကျေးဇူးတင်တယ်။
စသဖြင့် အကောင်းမြင်တဲ့စိတ်နဲ့တွေးမယ်
ဆိုရင် သင့်အတွေးသားထဲမှာ ပျော်ရွှင်မှု
တစ်ခု စိမ့်ဝင်လာတယ်လို့ ခံစားမိမှာပါ။
တဖြေးဖြေးစိတ်လည်း ကြည်လင်လာမှာ
အသေအချာပါ။ ဒါပေမဲ့ တစ်ခုတော့
ရှိတယ်။ မိတ်ဆွေရဲ့ စိတ်ထဲကနေ
အမှန်တကယ် ခံစားပြီး ကျေးဇူးတင်ဖို့တော့
လိုပါလိမ့်မယ်။ ဒါဆိုရင် ကျွန်တော်ပြောပြခဲ့
တဲ့အတိုင်း မိတ်ဆွေရဲ့စိတ်တွေ ကြည်လင်
ပြီးပျော်ရွှင်နေပါလိမ့်မယ်။

အကျဥ်းချုပ်ပြီး ပြန်ပြောရမယ်ဆိုရင်
အရာဝတ္ထုတွေ ဖုံတက်ပြီး ညစ်ပေလာရင်
ရေ၊ ဆပ်ပြာနဲ့ ဆေးကြောရသလိုပဲ
လူတွေရဲ့စိတ်ဟာလည်း ထိုင်းမှိုင်းပြီး
မကြည်မလင်နဲ့ ညစ်နွမ်းလာပြီဆိုရင်
အရင်ဆုံး မိမိစိတ်ကို ပြန်လည်ဆန်းစစ်မှု
လုပ်ရမယ်။ ပြီးရင် မိမိရဲ့စိတ် သန့်ရှင်း
စင်ကြယ်အောင် မိမိကိုးကွယ်ယုံကြည်ရာ
ဘာသာတရားရဲ့ တရားဓမ္မတွေကို နားယူပြီး
နှလုံးသွင်းရမယ်။ နောက်ဆုံးတစ်ချက်
ကတော့ မိမိနှင့်သက်ဆိုင်သူတွေနဲ့ မိမိမှာ
ရှိတဲ့ အရာတွေကို စိတ်ရင်းနဲ့ခံစားပြီး
ကျေးဇူးတင်ရမယ်။

ကျွန်တော်မျှဝေပေးချင်တဲ့ စိတ်ကိုသန့်ရှင်း
စင်ကြယ်အောင် လုပ်နည်းကတော့
အထက်မှာ ဖော်ပြပေးခဲ့တဲ့ အချက် ၃ ချက်
ပဲဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်း
များစွာရှိနေနိုင်ပါသေးတယ်။ မိတ်ဆွေများ
အားလုံး စိတ်စင်ကြယ်သန့်ရှင်းပြီး နေ့ရက်
တိုင်းကို ပျှော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ...

#ကိုကိုမိုးဟိန်း
#KoKoMoeHein



#

Above article is Myanmar Languge



Thanks for reading my post.

Topic: Cleaning mind
Languge: Myanmar



image

I am,
#KoKoMoeHein
@myanmarkoko

Thank-You-GIF-37.gif


All Images are Free Stock Photos from
PIXEL

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (32.02 %) **

  ·  last year  ·  

Thank you so much!
This is amazing opportunity...