ဗျတ္တလို ပန်းဆက်သမားပါကွယ်...

in blurt-1130047 •  11 months ago 

ဒီကနေ့ကျွန်တော်မျှဝေပေးချင်တာကတော့
ပန်းများရဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။
ပန်းဆိုတာက လူတိုင်းကင်းနိုင်တဲ့ အရာမဟုတ် ပါဘူး။
image
တချို့က ပန်းဆိုတာ မိန်းမတွေနဲ့ပဲသက်ဆိုင်တာ ငါတို့ယောက်ျားတွေနဲ့မဆိုင်ဘူးလို့ ပြောတက်ကြတယ်။ တချို့က ပန်းဆိုတာ အရှုံးတဲ့။
ပန်းပေးတယ်ဆိုတာ အရှုံးပေးတာနဲ့ အတူတူပဲလို့ ပြောတက်ကြပြန်တယ်။

ပန်းဆိုတာ ယောက်ျားတွေနဲ့ သက်ဆိုင်ကြောင်း စာတွေ၊ ဒဿနတွေနဲ့ ကျွန်တော်မရှင်းပြတက်ဘူး။ ရိုးရိုးရှင်းရှင်း ပုံပြင်တစ်ပုဒ်နဲ့ပဲ ရှင်းပြကြည့်မယ်။ တချိန်က ဗျတ္တဟာ ပုပ်ပါးတောင်တော်
ကြီးဆီက ပန်းတွေကို ပုဂံပြည့်ရှင်မင်းကြီး အနော်ရထာ ထံဆက်သခဲ့ရပါတယ်။ ဒါဟာ ယနေ့တိုင်
ယောကျာ်းတွေဟာလည်း ပန်းနဲ့ မကင်းနိုင်ကြောင်း၊ ပန်းနဲ့ဆက်နွယ်နေကြောင်း ထင်းရှားစွာ ထင်ဟက်ပြနေတဲ့ သာဓက တစ်ခု မဟုတ်ပါလား။

စံပယ်ပွင့်ချိန် စံပယ်ပါကွယ်
ပိတောက်ပွင့်ချိန် ပိတောက်ဆက်ခဲ့တယ်...
သဇင်ချိန်ကေသာဦးဝယ်
မောင်ခူးလို့ ပန်းပေးခဲ့ဖူးတယ်...
နံနက်တိုင်းမှာကွယ်
ဗျတ္တလို ပန်းဆက်သမားပုံနယ်...

မိတ်ဆွေများလည်း ဒီသီချင်းနားဆင်ရအောင် မျှဝေပေးလိုက်ရပါတယ်။

ဗျတ္တလို ပန်းဆက်သမား


Video YouTube

ကဲ ဘယ်လိုလဲ ဗျတ္တတို့ရေ...
ပန်းဆက်ဖို့ အသင့်ဖြစ်နေကြပြီလား...

ကျွန်တော်ကလည်း Blurt Media ပေါ်က ပျိုမဒီ
များနဲ့ အနော်ရထားမင်းကြီးများထံ ပန်းဆက်ဖို့ ဒီနေ့ရောက်လာခဲ့ပါပြီ။ ကျွန်တော်ယူခဲ့တဲ့ပန်းတွေကတော့ ကျွန်တော့်အိမ်နဲ့ မနီးမဝေးမှာ စိုက်ထားတဲ့ ပန်းကလေးတွေပါ။ တယုတယနဲ့ ပိုင်ရှင်က စိုက်ထားသလို ကျွန်တော်ကလည်း မှက်မှက်ရ ဓာတ်ဖမ်းပြီး ယခုလို မျှဝေပေးလိုက်ရခြင်းဖြစ်ပါတယ်...
image
imageimageimageimage

#အလင်းရောင်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  11 months ago  ·  

image

Hi @alynnyaung, great news! Your content was selected by curators @nalexadre, @ten-years-before to receive a special curation from BeBlurt 🎉 Don't hesitate to upvote this comment as the curators will receive 80% of the rewards for their involvement.

You can support us by voting for our witness, our decentralized funding proposal, or through delegation. You're also welcome to join our Discord server 👉 https://discord.beblurt.com

image
*For a delegation of 45,000 BLURT 👉 https://beblurt.com/mydelegation/@beblurt

image
BeBlurt (Blurt frontend) 👉 https://beblurt.com
on IOS/Android 👉 https://beblurt.com/s/aMGBrg

Thanks