My Actifit Report Card: April 29 2023 / The beauty of Mine Pouk City

in actifit •  last year 

The beauty of Mine Pouk City

It's been almost 2 months since I
arrived in Wa State, Mine Pouk. The
work is not stable yet. Masonry at
first. The next short iron began to
pick up. Now I have to do nothing
and eat and sleep.

Anyway, it's convenient to have
something to write on the Hive
Blockchain. If not, I'm sure I'll be
worried about this and that. Okay,
I'll pause now. Continue, talk about the beauty of the city of Mine Pouk.

The city of Mine Pouk is not very
big. However, there are many large
and densely built buildings. The
pictures of the buildings are simple
and nothing special is created. If
you look at the city during the day, it
looks like a dry city.

However, at night, the big buildings
are beautifully decorated with
lights, and the streets are full of
cars and motorcycles. Crowded
with people. It is especially crowded in big casinos. The
economy of the city of this city is
gambling, There are restaurants
and hotels, massages and hotels,
massage parlors, etc. It seems that
the city's food harvest fruits and
meat are imported from the
surrounding villages and from
China. If everything is calculated in
Burmese currency, you won't buy
anything.

I will share my experiences in the
city of Mine Pouk as soon as
possible.

Written by @myanmarkoko

KoKoMoeHein

Sat April 29, 2023
တိုက်တာအဆောက်အဦးကြီးများ
ကျွန်တော်တစ်ယောက် ဝပြည်နယ်၊ မိုင်းပေါက်မြို့
ကိုရောက်ရှိနေသည်မှာ ၂ လ နီးပါးရှိတော့မည်။
အလုပ်ကိုင်ကတော့ အတည်တကျ မရှိသေး။
စစရောက်ချင်းက ပန်းရံလုပ်သည်။ နောက်
သံတိုသံစ လိုက်ကောက်သည်။ အခုတော့ ဘာမှ
မလုပ်ပဲ ဒီတိုင်း အိပ်လိုက်စားလိုက်နေနေရသည်။

တော်သေးသည်ဟု ဆိုရမည်။ Hive
Blockchain ပေါ်မှာ စာရေးစရာလေးရှိလို့
နေသာထိုင်သာ ရှိသည်။ နို့မဟုတ်လျှင် ဟိုတွေး၊
ဒီတွေးဖြင့် စိတ်လေနေမှာ အသေချာပင်။ ကယ်
ညီးတွားနေတာ ခေတ္တရပ်၍ မိုင်းပေါက်မြို့၏
အလှအကြောင်း ဆက်ပါဦးမည်။

မိုင်းပေါက်မြို့မှာ အရမ်းကြီးမကျယ်ပါ။ ဆိုင်ကယ်
ဖြင့် နာရီဝက်လောက် မောင်းလိုက်လျှင် မြို့တစ်ပက်
ပြည့်ပြီ။ သို့သော် တိုက်တာအဆောက်အဦးကြီးများ
ထူထပ်စွာ တည်ဆောက်ထားသည်။ အဆောက်အဦး
ပုံများမှာလည်း ရိုးရိုးရှင်းရှင်း ဘာမှထူးထူးခြားခြား
ဖန်တီးထားခြင်းမရှိပါ။ နေ့ခင်းဘက်ကြည့်လျှင်
မြို့မှာ ခြောက်ကပ်ကပ်နိုင်လှသည်။

သို့သော် ညဘက်တွင်ကား တိုက်တာအဆောက်အဦး
ကြီးများမှာ မီးရောင်တလက်လက်ဖြင့် အလှဆင်
ထားခြင်းကြောင့် လှပတင့်တယ်ပြီး လမ်းမများတွင်
လည်း ကားဆိုင်ကယ်၊ လူအများဖြင့် စည်းကားလှ
သည်။ အထူးအားဖြင့် လောင်းကစားရုံကြီးများတွင်
ပို၍စည်ကားသည်။ ဤမိုင်းပေါက်မြို့၏ စီးပွားရေး
မှာ လောင်းကစားရုံ၊ စားသောက်ဆိုင်နှင့်ဟိုတယ်၊
မက်ဆက်နှင့်ဟိုတယ်၊ အနှိပ်ခန်းစသည်တို့သာ
များပါသည်။ မြို့၏ စားနပ်ရိတ်ခါ အသီးအနှံနှင့်
အသားငှားကို အနီးပတ်ဝန်းကျင်ရွာနှင့် တရုတ်ပြည်
မှ တင်သွင်းပုံရသည်။ အစစအရာရာ မြန်မာငွေကြေး
ဖြင့် တွက်ပြီး စျေးဝယ်မည်ဆိုလျှင် နားထင်သွေး
ရောက်ဖြစ်သွားပါလိမ့်မည်။

နောက်များအလျင်းသင့်သလို ကျွန်တော်၏
မိုင်းပေါက်မြို့ အတွေ့ကြုံများကို မျှဝေပေးသွား
ပါမည်။

ကိုကိုမိုဟိန်း
@myanmarkoko
This report was published via Actifit app (Android | iOS). Check out the original version here on actifit.io

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE BLURT!
Sort Order:  
  ·  last year  ·  


** Your post has been upvoted (26.61 %) **